Fun For My Friends: Warning for Myanmar Social Networks!
Jokes ဟာသတွေဖတ်ချင်ရင် ဒီမှာ...
Wednesday, September 9, 2009
Warning for Myanmar Social Networks!
ပုံမှန်ဆိုရင်တော့သူများ အကြောင်းမပြောတတ်သလို စိတ်လဲမ၀င်စားတတ်ပါဘူး။ ဒါပေမယ့် ခုတလောစိတ်ဝင်စားစရာတစ်ခုဖြစ်လာလို့ ။ လောလောဆယ်တော့ Ning Social Networks တွေမှာဖြစ်နေတယ်။
"I just made $934 this week working from home for google. I cant believe how easy this is. Im recommending this to everyone, check out this guys google blog makemoneywith-google.com" ဆိုပြီးရေးထားတယ်။
သူပြောတဲ့ website ကိုသွားကြည့်လိုက်ရင် ပိုက်ဆံရှာရတာသိပ်လွယ်သလို ပဲ။
အဲဒါကို google search မှာ google home business kit ဆိုပြီး scam or reviews တွေထဲမှာရှာကြည့်လိုက်ပါ။
အဲဒီမှာလူတော်တော်များများရဲ့ အမြင်က လူတွေကိုညာတဲ့ website ဆိုပြီးရေးထားကြတယ်။ အညာခံရတဲ့ လူတွေလဲ တော်တော်များနေပြီ။ နောက်ပြီး သူက ပို့ ခ $1.95 ပဲတောင်းသလို လို နဲ့  နောက်တော့ ကိုယ့် credit card ထဲကနေ လစဉ်ပိုက်ဆံတွေနုတ်နုတ်သွားတယ်။ အဲဒီလို website တွေက အများကြီးပဲ။ ဒါလဲ အဲဒီထဲကတစ်ခုဖြစ်ဖို့ များတယ်။
အဲဒီ account လုပ်တဲ့ လူကဘယ်သူမှန်းတော့မသိဘူး။  Profile မှာတော့ New York, United States ကလို့  ရေးထားတယ်။ ကြည့်ရတာ မြန်မာစကားတတ်ပုံ မရဘူး။ မြန်မာလူမျိုးအချင်းချင်းတော့ အဲဒီလို မလိမ်လောက်ဘူးထင်တာပဲ။ US မှာလိမ်လို့ မရတော့လို့ အာရှဘက်ကို ခြေဦးလှည့်လာတယ်ထင်တယ်။  အဖွဲ့  ၀င်တိုင်းလိုလိုရဲ့  comment wall မှာလိုက်ရေးထားတာတွေ့ ရလို့  သံသယဖြစ်သွားတာ။ သူ့ ရဲ့  marketing ပေါ့။ သူပြောတဲ့အတိုင်း မှန်ရင်တော့ကိစ္စမရှိပါဘူး။ လိမ်နေတာဆိုရင်တော့မလွယ်ဘူး။ မြန်မာပြည်မှာပဲနေတဲ့သူတွေက credit card မသုံးကြလို့   အရေးမကြီးဘူးလေ။ ဒါပေမယ့် မြန်မာပြည်မှာမနေတဲ့ မြန်မာတွေလဲ members တွေထဲမှာရှိမှာပဲ။ ဒီစာကို mhahiphop.ning.com ရဲ့ ပိုင်ရှင်ဆီရေးလိုက်တော့ အဲဒီ အဖွဲ့ ဝင်ကိုထုတ်လိုက်တယ်ထင်တယ်။ သူ့  account ရယ် comment wall တွေက comments တွေရယ် မရှိတော့ဘူး။
စမ်းကြည့်ချင်ရင်လဲစမ်းကြည့်ကြပေါ့။ US $1,000 ပတ်ဝန်းကျင်ဆိုတာက မက်လောက်တယ်လေ။ ဟုတ်နေခဲ့ ရင်ရောဆိုပြီး စိတ်ထဲမှာဖြစ်ကြမှာပဲ။ ခိခိကတော့ သေချာသတိပေးပြီးပြီ။ ဒါကြီးဟာ လိမ်ညာနေတာပါ။ အတုကြီးပါလို့ ။ It's just another internet scam!  နောက်မှ credit card ထဲကပိုက်ဆံတွေ ပါပါသွားရင်တော့ မတတ်နိုင်ဘူး။
ဒီကိစ္စကို ခိခိ သုံးသပ်ထားတာမှန်မမှန် နည်းနည်းလောက်တော့ပြောခဲ့ကြဦးနော်။ နောက်ပြီး ကိုယ်တွေ့  လေးများရှိခဲ့ရင်လဲ ဘယ်လို အလိမ်ခံလိုက်ရတယ်ဆိုတာမျှဝေပေးခဲ့ ပါ။ ဒါမှ ကျန်တဲ့သူတွေ ကိုကောင်းကောင်းကြီး သတိပေးလို့ ရမှာ။
ဒီစာလေးနဲ့ တစ်စုံတစ်ယောက် အလိမ်ခံရကိန်းမှ လွတ်မြောက်သွားတယ်ဆိုရင်ပဲဝမ်းသာပါပြီ။
ခိခိ
My motto: မှန်တယ်ထင်ရင် တစ်ယောက်ထဲလည်း နေရဲတယ်။ မှားနေရင်တော့ ပြင်မှာပေါ့။
16 comments:
ဇီးကုန်းသာယာ said...
ဟုတ်ကဲ့ ... ခုလိုသတိပေးတာ ကျေးဇူးပါ .. သတိထားဆင်ချင် နေပါမယ်ခင်ညာ...:D ပြောတာပြောရတာ credit card ဆိုတာ မြင်တောင်မြင်ဖူးဘူး ဟီးဟီး... :P
Kiki (ခိခိ) said...
ကြွားတတ်ရန်ကော..... :)
ကျောပိုးအိတ် said...
ခိခိရေ
အထူးသတိပေးထားလို့ ကျေးဇူးဘဲနော်။ ဘာမှသေချာမဖတ်ဘဲ လက်ဆော့တတ်တဲ့ သူငယ်ချင်းတွေတွေကို သတိပေးလိုက်မယ်။
ကျွန်မ ခရက်ဒစ်ကဒ်က သူတို့ တောင် ပိုက်ဆံ ဖျက်ချိန်ရမယ်မထင်ဘူး။ အမြဲကုန်နေတတ်လို့ ။
အဟားဟား
ခင်တဲ့
ကျောပိုးအိတ်
Kiki (ခိခိ) said...
To ကျောပိုးအိတ်။ ။အဆိုးထဲကအကောင်းဆိုတာ ဒါမျိုးပေါ့နော်...
Dr. Nyan said...
အချိန်ကုန်ခံပြီးလိုက်သတိပေးတာကျေးဇူးအများကြီး
တင်ပါတယ်။ ရိုးတဲ့သူတွေအများကြီးရှိနိုင်ပါတယ်။
ပုထုဇဉ်ပီပီအလကားရမယ်ဆိုရင်လိုချင်တဲ့သူတွေ
လည်းတပုံကြီးပါဘဲ။
I appreciate your effort.
Libratun said...
Thanks for you information.
Spams like that are not unusual on the internet.
Should not try for any type of spams.
Thanks,
rose of sharon said...
လာလိုက်လည်သွားတယ်.... စေတနာနဲ့ သတိပေးထားတာ ကျေးဇူးတင်ပါတယ်... ကျမအတွက်တော့ ပြသနာမရှိဘူး... ဘာကိုမှ လွယ်လွယ်နဲ့ မယုံကြည်တတ်လို့ပါ
Kiki (ခိခိ) said...
You're very welcome, Dr. I just hope that I'm not spreading a rumor.
Kiki (ခိခိ) said...
To TnT & rose of sharon: You're welcome!
နိုင်နိုင် said...
လက်ဆော့တတ်တဲ့အနော့်အတွက်ရေးထားလား
မသိပါဘူး ဟီးဟီး
ှဥယျာဉ်သာ said...
လက်ဆော့တတ်တဲ့အနော့်အတွက်ရေးထားလား
မသိပါဘူး ဟီးဟီး
ှဥယျာဉ်သာ said...
လက်ဆော့တတ်တဲ့အနော့်အတွက်ရေးထားလား
မသိပါဘူး....ဟီးဟီး
Talkii said...
Scam တွေပဲ ဖြစ်မှာပါ။ တခြား ဒါမျိုးတွေ အများကြီးရှိသေးတယ်။ ကြှောငြာတွေ click ထိုင်နှိပ်ရတာလေ။ အဆွယ်ကတော့ တှောတှောကောင်းတယ်။ ဒါပေမယ့် အချိန်ကုန်တာပဲ အဖတ်တင်မယ်ဗျ။
Waing said...
ဝိုင်းဆီလည်း အဲ့ဒီလိုမေးလ်တွေ ရောက်လာတယ်လေ
ဘာမှမလုပ်ဘူး ဖျက်ပလိုက်တာပဲ ...အခုလိုပြောပြတာ ကောင်းတာပေါ့ မသိတဲ့သူတွေရှိရင်လည်း သိသွားတာပေါ့နော်။
ခင်လျက်
ဝိုင်း
သက်တန့် said...
ခိခိရေ...
Socail Networkတွေကနေ inviteလုပ်တဲ့ မေးလ်တွေတော့ ခဏခဏကို ရောက်တယ်... ဒါပေမဲ့ ဘယ်ကိုမှ memberမ၀င်ဖြစ်ပါဘူး...
ကြုံတုံးလေး ကြွားလိုက်ဦးမှ... credit cardဆို တစ်ခါမှ မကိုင်ဖူးဘူး... အဟီး... :D
ခုလို သတိပေးတာ ကျေးဇူးတင်ပါတယ်ရှင့် ခိခိရေ... နောင်ကြုံလာရင် သတိထားလို့ ရတာပေါ့... :)
Kiki (ခိခိ) said...
Thanks for the comments, friends! :)
Kaplan Test Prep and Admissions (Kaptest.com) Kaplan Test Prep and Admissions (Kaptest.com)
USMLE Books