"မွေးလာတော့ လူမည်း
ကြီးတော့လည်း မည်း
နေရောင်အောက်သွားလည်း ကျုပ်ကလူမည်း
ကြောက်တဲ့အခါလည်း မည်း
နေမကောင်းဖြစ်လည်း မည်းမည်း
သေသွားရင်တောင် ကျုပ်ကလူမည်းပဲ
ခင်ဗျားတို့ ငဖြူတွေ -
မွေးတုန်းတော့ ပန်းရောင်ပေါ့
ကြီးလာပြီမူ ဖြူတူတူ
နေရောင်ထဲရောက် အနီရောင်လည်းပေါက်
အေးသွားတဲ့အခါ ပြာတာတာ
ကြောက်တဲ့အချိန် ၀ါထိန်ထိန်
နေမကောင်းချိန်များ စိမ်းစိမ်းကား
သေသွားတဲ့အခါ မီးခိုးပါ
ဒါနဲ့ များ ကျုပ်ကို အရောင်နဲ့ ကောင်လို့ ခေါ်နေတယ်???"
မူရင်းကဗျာကို ဒီ blog မှာ တင်ထားတယ်။ ရေးတဲ့ ကလေးလေးက အာဖရိကန်ကလေးလေး။
UN က ၂၀၀၆ခုနှစ်အတွက် အကောင်းဆုံးလို့ စံကာတင်ရွေးချယ်ခံထားရတဲ့ ကဗျာလေးပါ။
ဒီကဗျာလေးကို ဖတ်ရတာ ကလေးလေးရင်ထဲက အနှိမ်ခံထားရတာကို မကျေနပ်တဲ့ ခံစားမှုကိုမြင်နေရတယ်။ အာဖရိကန်လူမျိုးအားလုံးရဲ့  ရင်ထဲကခံစားချက်ကို ဖော်ပြနေသလိုပါပဲ။
မြန်မာစကားနဲ့  အလိုက်ဖက်ဆုံးကာရန်ရအောင် ဘာသာပြန်ထားတာ မူရင်းလောက်တော့ ဖတ်လို့  ကောင်းချင်မှကောင်းမယ်။ (ကဗျာလဲမစပ်တတ်ဘူးလေ။) သည်းခံဖတ်ကြပါရန်။ ပိုကောင်းမယ်ထင်တဲ့ ကာရန်ရှိရင် comment မှာရေးသွားပေးပါနော်။ post ထဲမှာ နာမည်နဲ့ တကွ ပြန်ထည့်ရေးလိုက်မယ်။
ခိခိ
Jokes ဟာသတွေဖတ်ချင်ရင် ဒီမှာ...
Monday, September 28, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment