Muhammad Akbar Rissudin ကို September 21, 2009 တုန်းက Indonesia နိုင်ငံ Kisaran, North Sumatra က Abdul Manan District Hospital မှာ ဖွားမြင်ခဲ့ပါတယ်။ အလေးချိန် ၈.၇ကီလိုဂရမ်(၁၉.၂ပေါင်) ရှိတဲ့ ကလေးလေးဟာ အင်ဒိုနီးရှားနိုင်ငံမှာ ကိုယ်အလေးချိန်အများဆုံး မွေးကင်းစကလေးအဖြစ်နာမည်ကြီးနေပါတယ်။ ဒီဧရာမ ကလေးလေးကို လူတွေက စိတ်ဝင်တစားလာရောက်ကြည့်ကြတယ်လို့  မိခင်ဖြစ်သူကပြောပါတယ်။
ဆရာဝန်တွေက ဒါဟာမိခင်ရဲ့ ဆီးချိုရောဂါကြောင့် ကလေးမှာ သကြားဓာတ်တွေလွန်ကဲပြီး အင်မတန်ထွားလာတာလို့ ဆိုပါတယ်။
မိခင်က ကိုယ်ဝန်ဆောင်တုန်းက ဒီလောက်ကြီးတဲ့ ကလေးမွေးလာမယ်လို့  ထင်မထားဘူး။ အမြွှာလေးရှိနေတယ်တောင်ထင်နေတာတဲ့။ ကိုယ်ဝန်(၈)လလဲရောက်ရော ဒုက္ခတွေစတာပဲ။ အထိုင်၊ အထ လုပ်တိုင်း အသက်ရှူရခက်လို့  ငိုငိုနေရတယ်တဲ့။ ကလေးကို ဗိုက်ခွဲမွေးထားတာ။
အခု ကလေးလေးကတစ်ချိန်လုံးနို့ ဆာနေတယ်တဲ့။ မိခင်နို့ နဲ့ မလောက်လို့ နို့ ဗူးပါတိုက်နေရတယ်တဲ့။ (အစားပုပ်ကလေး...:P)
ဖခင် Hasanuddin, 50နှစ်, နဲ့ မိခင် Ani, 41နှစ် တို့ ရဲ့  တတိယမြောက်သားရတနာလေးပေါ့။ သူ့ အစ်ကို"လေး" တွေကို မွေးတုန်းက 11.6 pounds (5.3 kilograms) နဲ့ 9.9 pounds (4.5 kilograms) ပဲရှိတာတဲ့။
သြော်... သူ့ နာမည်မှာ Akbar ဆိုတာ အာရပ်လို မဟာ(the Great) ဆိုတဲ့ အဓိပ္ပာယ်တဲ့။ မဟာမူဟာမက် ပေါ့နော်။ မိုက်တယ်၊ လိုက်တယ်။
Guinness World Records မှာတော့ ၁၈၇၉ တုန်းက အမေရိကမှာ ၁၀.၄ကီလို(၂၃.၇၅ပေါင်) အထွားဆုံးကလေးလေးမွေးဖူးတယ် ပြောတယ်။ ဒါပေမယ့် မွေးပြီး ၁၁နာရီအကြာမှာ ဆုံးသွားတယ်တဲ့။ နောက်တစ်ယောက်ကတော့ ၁၉၅၅ မှာ အီတလီနိုင်ငံမှာ ၁၀.၂ကီလို(၂၂.၅ပေါင်) နဲ့  တောင်အာဖရိကမှာ ၁၉၈၂ မှာ တစ်ယောက်တဲ့။ (တို့ နဲ့ တစ်နှစ်ထဲပဲ... ဟီး...)
Associated Press ကယူထားတဲ့သတင်းနဲ့ ဓာတ်ပုံတွေပါ။
ဘယ်ဘက်က ကလေးလေးရဲ့ အတွေး- "အားပါးပါး... နည်းတဲ့ကောင်ကြီးလား... အကောင်ကြီးသလောက် အာကလဲပြဲသေး...သူ့ နားနေရတာ မျက်ခုံးခပ်လှုပ်လှုပ်ပဲ... "
ခိခိ
Jokes ဟာသတွေဖတ်ချင်ရင် ဒီမှာ...
Showing posts with label indonesia. Show all posts
Showing posts with label indonesia. Show all posts
Sunday, September 27, 2009
Subscribe to:
Posts (Atom)