ပုံမှန်ဆိုရင်တော့သူများ အကြောင်းမပြောတတ်သလို စိတ်လဲမ၀င်စားတတ်ပါဘူး။ ဒါပေမယ့် ခုတလောစိတ်ဝင်စားစရာတစ်ခုဖြစ်လာလို့ ။ လောလောဆယ်တော့ Ning Social Networks တွေမှာဖြစ်နေတယ်။
ဖြစ်ပုံကဒီလို......သူငယ်ချင်းတစ်ယောက်ကဖိတ်လို့  mhahiphop.ning.com ကို ၀င်လိုက်တယ်။ အဲဒီမှာ www.makemoneywith-google.com ဆိုတဲ့ အဖွဲ့ ဝင်တစ်ယောက်က ခိခိ ရဲ့ comment wall မှာ
"I just made $934 this week working from home for google. I cant believe how easy this is. Im recommending this to everyone, check out this guys google blog makemoneywith-google.com" ဆိုပြီးရေးထားတယ်။
သူပြောတဲ့ website ကိုသွားကြည့်လိုက်ရင် ပိုက်ဆံရှာရတာသိပ်လွယ်သလို ပဲ။
အဲဒါကို google search မှာ google home business kit ဆိုပြီး scam or reviews တွေထဲမှာရှာကြည့်လိုက်ပါ။
အဲဒီမှာလူတော်တော်များများရဲ့ အမြင်က လူတွေကိုညာတဲ့ website ဆိုပြီးရေးထားကြတယ်။ အညာခံရတဲ့ လူတွေလဲ တော်တော်များနေပြီ။ နောက်ပြီး သူက ပို့ ခ $1.95 ပဲတောင်းသလို လို နဲ့  နောက်တော့ ကိုယ့် credit card ထဲကနေ လစဉ်ပိုက်ဆံတွေနုတ်နုတ်သွားတယ်။ အဲဒီလို website တွေက အများကြီးပဲ။ ဒါလဲ အဲဒီထဲကတစ်ခုဖြစ်ဖို့ များတယ်။
အဲဒီ account လုပ်တဲ့ လူကဘယ်သူမှန်းတော့မသိဘူး။ Profile မှာတော့ New York, United States ကလို့  ရေးထားတယ်။ ကြည့်ရတာ မြန်မာစကားတတ်ပုံ မရဘူး။ မြန်မာလူမျိုးအချင်းချင်းတော့ အဲဒီလို မလိမ်လောက်ဘူးထင်တာပဲ။ US မှာလိမ်လို့ မရတော့လို့ အာရှဘက်ကို ခြေဦးလှည့်လာတယ်ထင်တယ်။ အဖွဲ့  ၀င်တိုင်းလိုလိုရဲ့  comment wall မှာလိုက်ရေးထားတာတွေ့ ရလို့  သံသယဖြစ်သွားတာ။ သူ့ ရဲ့  marketing ပေါ့။ သူပြောတဲ့အတိုင်း မှန်ရင်တော့ကိစ္စမရှိပါဘူး။ လိမ်နေတာဆိုရင်တော့မလွယ်ဘူး။ မြန်မာပြည်မှာပဲနေတဲ့သူတွေက credit card မသုံးကြလို့  အရေးမကြီးဘူးလေ။ ဒါပေမယ့် မြန်မာပြည်မှာမနေတဲ့ မြန်မာတွေလဲ members တွေထဲမှာရှိမှာပဲ။ ဒီစာကို mhahiphop.ning.com ရဲ့  ပိုင်ရှင်ဆီရေးလိုက်တော့ အဲဒီ အဖွဲ့ ဝင်ကိုထုတ်လိုက်တယ်ထင်တယ်။ သူ့  account ရယ် comment wall တွေက comments တွေရယ် မရှိတော့ဘူး။
ဒါဆိုလဲပြီးရောပေါ့။ ခုဘာလို့ အကျယ်ချဲ့ ပြီးရေးနေသေးလဲလို့  မေးချင်မှာပဲ။ ကိုယ်ဝင်ထားတဲ့ network မှာ အန္တရာယ် မရှိတော့ပေမယ့် ဒီနေ့ ပဲ သူငယ်ချင်းက blog post တစ်ခုပေးတာ သဘောကျလို့ တခြားဘာ blogs တွေရှိဦးမလဲဆိုပြီးစပ်စပ်စုစု သွားကြည့်မိတယ်။ အဲဒီ နေရာကတော့ forverfriends.ning.com ။ မထင်မှတ်ပဲ ဟို ကျေးဇူးရှင်က အဲဒီ network မှာလဲ comments တွေရေးထားပြန်တယ်။ ခုတော့ သက်သေမရှိပေမယ့် ဒါဟာသတိထားစရာဆိုတာတော့ ပိုပြီးသေချာသွားတယ်။ သူ့ အတွက်တော့ မြန်မာလူထုက ဈေးကွက်အသစ်ပေါ့။ ခုလို ပြောပြနေတာသူ့ ဈေးကွက်တော့ထိခိုက်သွားမှာပဲ။ ဒါပေမယ့် လူတွေကိုလိမ်ညာနေတဲ့ ဈေးကွက်ဆိုတော့ လွှတ်ထားရင် ရိုးသားတဲ့လူတွေ ဒုက္ခရောက်မှာစိုးလို့  လူမိုက်ပဲလုပ်လိုက်တော့တယ်။
စမ်းကြည့်ချင်ရင်လဲစမ်းကြည့်ကြပေါ့။ US $1,000 ပတ်ဝန်းကျင်ဆိုတာက မက်လောက်တယ်လေ။ ဟုတ်နေခဲ့ ရင်ရောဆိုပြီး စိတ်ထဲမှာဖြစ်ကြမှာပဲ။ ခိခိကတော့ သေချာသတိပေးပြီးပြီ။ ဒါကြီးဟာ လိမ်ညာနေတာပါ။ အတုကြီးပါလို့ ။ It's just another internet scam! နောက်မှ credit card ထဲကပိုက်ဆံတွေ ပါပါသွားရင်တော့ မတတ်နိုင်ဘူး။
ဒီကိစ္စကို ခိခိ သုံးသပ်ထားတာမှန်မမှန် နည်းနည်းလောက်တော့ပြောခဲ့ကြဦးနော်။ နောက်ပြီး ကိုယ်တွေ့  လေးများရှိခဲ့ရင်လဲ ဘယ်လို အလိမ်ခံလိုက်ရတယ်ဆိုတာမျှဝေပေးခဲ့ ပါ။ ဒါမှ ကျန်တဲ့သူတွေ ကိုကောင်းကောင်းကြီး သတိပေးလို့ ရမှာ။
ဒီစာလေးနဲ့ တစ်စုံတစ်ယောက် အလိမ်ခံရကိန်းမှ လွတ်မြောက်သွားတယ်ဆိုရင်ပဲဝမ်းသာပါပြီ။
မှတ်ချက်။ ။ ခိခိ follow နေတဲ့ bloggers တွေရဲ့ cbox တွေမှာဒီ post ကိုဖတ်ဖို့ ရေးထားတယ်။ အနှောင့်အယှက်ဖြစ်ကုန်ရင်ခွင့်လွှတ်ပါ။
ခိခိ
My motto: မှန်တယ်ထင်ရင် တစ်ယောက်ထဲလည်း နေရဲတယ်။ မှားနေရင်တော့ ပြင်မှာပေါ့။
Jokes ဟာသတွေဖတ်ချင်ရင် ဒီမှာ...
Showing posts with label warning. Show all posts
Showing posts with label warning. Show all posts
Wednesday, September 9, 2009
Subscribe to:
Posts (Atom)