Fun For My Friends: September 2009
Jokes ဟာသတွေဖတ်ချင်ရင် ဒီမှာ...
Tuesday, September 29, 2009
I Think You'll Agree With This One!
 from e-mail
သြော်... သူ့ ခမျာ အဲလောက်တောင်စောင့်သွားရှာတာကိုး... အနိစ္စ၊ ဒုက္ခ၊ အနတ္တ...
Sweet and Happy!
May you enjoy your apples and honey
May you find it easy to give and receive
May you know when to surrender, and do so with grace
May you remember that some people's lives are parched dry... and be grateful for the abundance in yours
 May you find beauty in unexpected places.
May you carry your loads with ease amid sweetness
 May you learn and teach well
May you move with as much joy and ease as you can
May your home be filled with fresh air and light
May your tense and angry times be short-lived...
so that you come back quickly to your comfortable ol' self
May you be startled and delighted by new beginnings
May you find your uniqueness
May you play with friends
and hear beautiful music
May you come to the surface for air when you need it
May you take exquisite care of yourself
And may everything that hurts you also be a little funny
Have a wonderful LIFE!!
from e-mail
အနုပညာ လက်ရာမြောက်လိုက်တာ။
တစ်သောင်းတန် ငွေစက္ကူ
ဟားဟားဟား..... တစ်သောင်းတန်သုံးကြမလား...
About Our Bio Teacher U Win Aung's Illness
ချစ်သူငယ်ချင်းအပေါင်း ရောင်းရင်းတို့ရေ.......
ဒီသီတင်းကျွတ်မှာ ထူးခြားတဲ့ကုသိုလ်လေးတခု လုပ်ကြရအောင်ကွာ၊
မှတ်မိတယ်မဟုတ်လား၊
Bio ကျုရှင်ပြခဲ့တဲ့ တို့ဆရာ ဦးဝင်းအောင် လေ၊ ဆရာကြီး ကျန်းမာရေး ကမကောင်းဘူးကွာ ဆီးချိုရောဂါ၊
သွေးတိုးရောဂါတွေနဲ့ အသည်းပါပျက်စီးပြီး ညာဘက်ခြေထောက်
ဒူးအောက်ကနေပြီးဖြတ်ထားရတယ်၊ဒါအပြင် မနှစ်ကဒီဇင်ဘာမှာ လေဖြတ်သွားလိုက်တာ ညာဘက်လက်ကလည်းခုထက်ထိ ကောင်း ကောင်း မလှုပ် နိုင်သေးဘူး၊ အခုလောလောဆယ်တော့၊ ဆရာက YGH Cardiac Surgical Unit အခန်းနံပါတ်(ဃ/၃) မှာ တက်နေရတုံးပဲ။
ဟိုတုံးက စာသင်ရင် ဟာသလေးတွေနှောပြီး ပြောတတ်တဲ့ ဆရာ၊ တသောသောနဲ့ ငါတို့တတွေ တဝေါဝေါရယ်ခဲ့ရတာ မင်းတို့မှတ်မိသေးတယ်မဟုတ်လား။ ၃၅ နှစ်လုံးလုံး ပညာအမွေတွေပေးလို့တပည့် ကောင်းတွေမွေးခဲ့တဲ့ ဆရာကြီးလေ၊ နှစ်စဉ်ဒီဇင်ဘာလ ရောက်တိုင်း ခရီးစရိတ်အိတ်စိုက်၊ တပည့်တွေတသိုက် နဲ့ ဘုရားတွေစုံအောင်ဖူး၊ ကြည်နူးအောင် လုပ်ခဲ့တဲ့ဆရာလေ။ အဲဒီလို ပျော်တတ်တဲ့ဆရာ၊ချစ်စရာ ကောင်းတဲ့ ဆရာ၊စေတနာဝကယ်တဲ့ဆရာကြီးဟာ မျက်နှာတွေညိုးနွမ်းပြီး အားငယ်ဝမ်းနည်းတဲ့ ဟန်ပန်နဲ့ တစုံတခု ကို မျှော်လင့်နေပုံရတယ်၊ဖြစ်နိုင်တာကတော့ ကူညီမဲ့သူတွေ အားပေးမဲ့သူတွေ၊ စောင့်ရှောက်မဲ့သူတွေ ဆရာကျေးဇူး ကို မမေ့ပါဘူးဆိုတဲ့ တပည့်ဟောင်းတွေကို ငံ့လင့်စောင့်မျှော်နေပုံဘဲ၊ မင်းတို့သိတဲ့ အတိုင်းဘဲ ဒီခေတ်မှာ ကျန်းမာရေးမကောင်းရင် ဆေးဖိုးရော ၀ါးခပါ မသက်သာလှဘူးလေ၊ ငါသိသလောက်ကတော့ ဆရာရဲ့ဆေး ဘိုးတွေက Albumin နဲ့ Antibiotic ကတင် တနေ့ကို ရှစ်သောင်းကျော်လောက် ကျတယ်၊ ဂျာမနီလုပ်ခြေတုကို တတ်မယ်ဆိုရင် သိန်းလေးဆယ်ကျော်လောက် ကျအုံးမယ်၊ဒါတွေကိုလဲ ဆရာနဲ့သူ့မိသားစုကရေရှည်မှာ တတ်နိုင်မယ့်ပုံ မပေါ်ဘူး၊ဆရာ့ပါးစပ်ကတော့ပြောထွက်မှာ မဟုတ်ပါဘူး၊ တို့တတွေ အလိုက်တသိနဲ့ ပေါင်း စုပြီး ဒီသီတင်းကျွတ်မှာ တို့တတ်နိုင်သမျှ ဒါနလေးပြုကြရအောင်ကွာ။ ဟိုကောင် ထင်ကျော်လေ ခုလော လောဆယ် အလှူငွေ ငါးသိန်း မတည်ပြီ သူလှူမယ်လို့ စပွန်ဆာပေးထားတယ်။ မင်းတို့လဲ ကိုယ်နိုင်သ လောက် လှူနိုင်မယ့်ငွေ၊ ဒါမှမဟုတ်ရင် ပစ္စည်းနဲ့ဆေးဝါးတွေကို ထင်ကျော်ဆီမှာ စပွန်ဆာပေး စုစုဝေးဝေး နဲ့အဆင်ပြေတဲ့ တရက်ရက် ဆရာဆီ ဆက်ဆက်သွား။အားပေးစကားတွေပြော၊ ရယ်ရယ် မောမောနဲ့ ဆရာ အနားမှာ အားရှိအောင် စွမ်းဆောင်ကြမယ်လေ။
ဆက်သွယ်ရန်-----၁။ ထင်ကျော်       -   09-5112659
                              ၂။ ထွန်းကျော်ဦး  -   09-9970320
                              ၃။ ချမ်းမြေ့မြင့်ဦး -   01-377330
                              ၄။ ရဲသွင်              -   095174639
ပျော်ရွှင်ချမ်းမြေ့ပါ--စေသူငယ်ချင်းတို့
yeyetwin@gmail.com
Nobody by Wonder Girls (Korean)
I just love his expression when asking for someone. :D
ဒါကတော့ ဘာရယ်မဟုတ်ဘူး... original လေးလဲယှဉ်ကြည့်ရအောင်တင်လိုက်တာ...
Wash Your Hands Too (H1N1 Prevention)
This is educational fun!
တတ်လဲတတ်နိုင်တယ်... စာသားတွေကရယ်လဲရယ်ရ ပညာလဲရ... :D
Monday, September 28, 2009
ထိပ်ဆုံးသို့ 
တစ်တောင်ပေါ် တစ်တောင်ဆင့်
တစ်တောင်ဆုံး ပြန်တော့
တစ်လုံးကျန် ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်။
ခါတလေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်မလား။
စခဲ့မိဟာပေါ့
တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်း အသာဖြေဦး။
မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့
မူတသွင် အားအင်သစ်လိုက်ပါ့
ချစ်ဖွယ့်လူသား။
ငွေတာရီ
သူငယ်တန်းကနေ (၁၀)တန်းထိ ကျက်ခဲ့ရသမျှစာတွေထဲမှာ ဒါကိုအကြိုက်ဆုံးပဲ။ အရမ်းကောင်းတယ်။
Don't Quit!
When things go wrong, as they sometimes will,
When the road you're trudging seems all uphill,
When the funds are low and the debts are high,
And you want to smile, but you have to sigh,
When care is pressing you down a bit,
Rest, if you must, but don't you quit.
Life is queer with its twists and turns,
As every one of us sometimes learns,
And many a failure turns about,
When he might have won had he stuck it out;
Don't give up though the pace seems slow--
You may succeed with another blow.
Often the goal is nearer than,
It seems to a faint and faltering man,
Often the struggler has given up,
When he might have captured the victor's cup,
And he learned too late when the night slipped down,
How close he was to the golden crown.
Success is failure turned inside out--
The silver tint of the clouds of doubt,
And you never can tell how close you are,
It may be near when it seems so far,
So stick to the fight when you're hardest hit--
It's when things seem worst that you must not quit.
Anonymous
This poem gives me the strength to climb up again whenever I hit the bottom.
ဒီကဗျာလေးကို (၁၀)တန်းတုန်းက ဆရာမ(guide)တစ်ယောက်က ပေးထားတာ။ အရမ်းကြိုက်တယ်။ အားငယ်နေတဲ့အချိန်တိုင်းမှာ ဒါလေးကိုဖတ်ပြီး အားတွေပြန်မွေးခဲ့ရတယ်။ နောက်ဆုံးစာကြောင်းလေးကို အကြိုက်ဆုံးပဲ။ 
ဒီကဗျာလေးလိုပဲ အလားတူအားတွေမွေးပေးတဲ့ အရမ်းကြိုက်တဲ့ ကဗျာတစ်ပုဒ်ထပ်ရှိသေးတယ်။
(၈)တန်းမြန်မာစာက ကဗျာလေးပါ။ "ထိပ်ဆုံးသို့ " တဲ့။ 
Nominated by UN as the best Poem of 2006, written by an African Kid
"မွေးလာတော့ လူမည်း
ကြီးတော့လည်း မည်း
နေရောင်အောက်သွားလည်း ကျုပ်ကလူမည်း
ကြောက်တဲ့အခါလည်း မည်း
နေမကောင်းဖြစ်လည်း မည်းမည်း
သေသွားရင်တောင် ကျုပ်ကလူမည်းပဲ
ခင်ဗျားတို့ ငဖြူတွေ -
မွေးတုန်းတော့ ပန်းရောင်ပေါ့
ကြီးလာပြီမူ ဖြူတူတူ
နေရောင်ထဲရောက် အနီရောင်လည်းပေါက်
အေးသွားတဲ့အခါ ပြာတာတာ
ကြောက်တဲ့အချိန် ၀ါထိန်ထိန်
နေမကောင်းချိန်များ စိမ်းစိမ်းကား
သေသွားတဲ့အခါ မီးခိုးပါ
ဒါနဲ့ များ ကျုပ်ကို အရောင်နဲ့ ကောင်လို့ ခေါ်နေတယ်???"
မူရင်းကဗျာကို ဒီ blog မှာ တင်ထားတယ်။ ရေးတဲ့ ကလေးလေးက အာဖရိကန်ကလေးလေး။
UN က ၂၀၀၆ခုနှစ်အတွက် အကောင်းဆုံးလို့ စံကာတင်ရွေးချယ်ခံထားရတဲ့ ကဗျာလေးပါ။
ဒီကဗျာလေးကို ဖတ်ရတာ ကလေးလေးရင်ထဲက အနှိမ်ခံထားရတာကို မကျေနပ်တဲ့ ခံစားမှုကိုမြင်နေရတယ်။  အာဖရိကန်လူမျိုးအားလုံးရဲ့ ရင်ထဲကခံစားချက်ကို ဖော်ပြနေသလိုပါပဲ။
မြန်မာစကားနဲ့  အလိုက်ဖက်ဆုံးကာရန်ရအောင် ဘာသာပြန်ထားတာ မူရင်းလောက်တော့ ဖတ်လို့  ကောင်းချင်မှကောင်းမယ်။ (ကဗျာလဲမစပ်တတ်ဘူးလေ။) သည်းခံဖတ်ကြပါရန်။ ပိုကောင်းမယ်ထင်တဲ့ ကာရန်ရှိရင် comment မှာရေးသွားပေးပါနော်။  post ထဲမှာ နာမည်နဲ့ တကွ ပြန်ထည့်ရေးလိုက်မယ်။
ခိခိ
Big Ugly Tornado @ Yahoo! Video
အန္တရာယ်များလိုက်တာနော်။ ကိုယ်ပါပါသွားလို့ ကတော့... ဘုရား... ဘုရား...
Elephant Paints Self Portrait @ Yahoo! Video
ဟိုက်ရှားဘား.... ကိုယ်ဆွဲရင်တောင်သူ့ လောက်မလှဘူး။ ကြည့်နေရင်းနဲ့  အံ့သြလွန်းလို့  ပါးစပ်တောင်ပိတ်ဖို့  မေ့သွားတယ်။ ဟီး... ဟီး...
Poltergeist Birds @ Yahoo! Video
အဲဒါဘာငှက်တွေလဲမသိဘူးနော်။ အံ့သြဖို့ ကောင်းလိုက်တာ။ အုပ်စုလိုက်ကနေသလိုပဲ။ အပြင်မှာတွေ့ ရင်လန့် တောင်လန့်  သွားမလားမသိဘူး။ The Mummy ထဲကလိုအကောင်တွေနဲ့ တူလို့ ။ :P
Gold Swimsuit @ Yahoo! Video
ဒီရေကူးဝတ်စုံနဲ့ ရေကူးရင် ကိုယ်ဖော့လို့ တောင်ရပါ့မလား။
Kid Rides Giant Python @ Yahoo! Video
မြန်မာပြည်က စပါးကြီးမြွေတဲ့။ အသည်းယားဖို့ ကောင်းလိုက်တာ။
Thai Screaming Contest @ Yahoo! Video
ဟား..ဟား..ဟား... နားတော်တော်ငြီးမယ့် ပြိုင်ပွဲပဲ...
Mexican High-Heel Race @ Yahoo! Video
"ဒေါက်မြင့်ဖိနပ်ဆိုတာ မိန်းမတွေအတွက် အတားအဆီးတစ်ခုပါ။
ဒီပြိုင်ပွဲလေးက မိန်းမတွေဟာဘယ်လိုအတားအဆီးကိုမဆို ကျော်လွှားနိုင်တယ်ဆိုတာပြနေပါတယ်။
ဘ၀မှာတွေ့ ကြုံရသမျှ အရာအားလုံးကို ရင်ဆိုင်နိုင်တယ်ဆိုတာကိုပြနေပါတယ်။"
တော်လိုက်ကြတာ... သူတို့ လိုပြေးဖို့ မပြောနဲ့  ခြေမခွင်အောင်တောင်မနဲထိန်းလျှောက်ရတယ်။ :P
Sunday, September 27, 2009
Giant Indonesian Baby
Muhammad Akbar Rissudin ကို September 21, 2009 တုန်းက Indonesia နိုင်ငံ Kisaran, North Sumatra က Abdul Manan District Hospital မှာ ဖွားမြင်ခဲ့ပါတယ်။ အလေးချိန် ၈.၇ကီလိုဂရမ်(၁၉.၂ပေါင်) ရှိတဲ့ ကလေးလေးဟာ အင်ဒိုနီးရှားနိုင်ငံမှာ ကိုယ်အလေးချိန်အများဆုံး မွေးကင်းစကလေးအဖြစ်နာမည်ကြီးနေပါတယ်။ ဒီဧရာမ ကလေးလေးကို လူတွေက စိတ်ဝင်တစားလာရောက်ကြည့်ကြတယ်လို့  မိခင်ဖြစ်သူကပြောပါတယ်။
ဆရာဝန်တွေက ဒါဟာမိခင်ရဲ့ ဆီးချိုရောဂါကြောင့် ကလေးမှာ သကြားဓာတ်တွေလွန်ကဲပြီး အင်မတန်ထွားလာတာလို့ ဆိုပါတယ်။
မိခင်က ကိုယ်ဝန်ဆောင်တုန်းက ဒီလောက်ကြီးတဲ့ ကလေးမွေးလာမယ်လို့  ထင်မထားဘူး။ အမြွှာလေးရှိနေတယ်တောင်ထင်နေတာတဲ့။ ကိုယ်ဝန်(၈)လလဲရောက်ရော ဒုက္ခတွေစတာပဲ။ အထိုင်၊ အထ လုပ်တိုင်း အသက်ရှူရခက်လို့  ငိုငိုနေရတယ်တဲ့။ ကလေးကို ဗိုက်ခွဲမွေးထားတာ။
အခု ကလေးလေးကတစ်ချိန်လုံးနို့ ဆာနေတယ်တဲ့။ မိခင်နို့ နဲ့ မလောက်လို့ နို့ ဗူးပါတိုက်နေရတယ်တဲ့။ (အစားပုပ်ကလေး...:P)
ဖခင် Hasanuddin, 50နှစ်, နဲ့ မိခင် Ani, 41နှစ် တို့ ရဲ့ တတိယမြောက်သားရတနာလေးပေါ့။ သူ့ အစ်ကို"လေး" တွေကို မွေးတုန်းက 11.6 pounds (5.3 kilograms) နဲ့ 9.9 pounds (4.5 kilograms) ပဲရှိတာတဲ့။
သြော်... သူ့ နာမည်မှာ Akbar ဆိုတာ အာရပ်လို မဟာ(the Great) ဆိုတဲ့ အဓိပ္ပာယ်တဲ့။ မဟာမူဟာမက် ပေါ့နော်။ မိုက်တယ်၊ လိုက်တယ်။
Guinness World Records မှာတော့ ၁၈၇၉ တုန်းက အမေရိကမှာ ၁၀.၄ကီလို(၂၃.၇၅ပေါင်) အထွားဆုံးကလေးလေးမွေးဖူးတယ် ပြောတယ်။ ဒါပေမယ့် မွေးပြီး ၁၁နာရီအကြာမှာ ဆုံးသွားတယ်တဲ့။ နောက်တစ်ယောက်ကတော့ ၁၉၅၅ မှာ အီတလီနိုင်ငံမှာ ၁၀.၂ကီလို(၂၂.၅ပေါင်) နဲ့  တောင်အာဖရိကမှာ ၁၉၈၂ မှာ တစ်ယောက်တဲ့။ (တို့ နဲ့ တစ်နှစ်ထဲပဲ... ဟီး...)
Associated Press ကယူထားတဲ့သတင်းနဲ့ ဓာတ်ပုံတွေပါ။
ဘယ်ဘက်က ကလေးလေးရဲ့ အတွေး- "အားပါးပါး... နည်းတဲ့ကောင်ကြီးလား... အကောင်ကြီးသလောက် အာကလဲပြဲသေး...သူ့ နားနေရတာ မျက်ခုံးခပ်လှုပ်လှုပ်ပဲ... "
ခိခိ
Thursday, September 24, 2009
Do not bet with this old lady!
တော်လိုက်တဲ့ အဘွားကြီး... ဒါကြောင့်ချမ်းသာသွားတာကိုး... ၂၅၀၀၀ အရှုံးခံပြီး ၇၅၀၀၀ မြတ်သွားတယ်။ ဘာအရင်းမှတောင်စိုက်စရာမလိုဘူး။ ဟားဟားဟား....
Outstanding performance by deaf Dancers 2009 !
Excellent dance! Their disability can't get them down.
ကွမ်ယင်မယ်တော် လက်တစ်ထောင် အကပေါ့နော်။ သူတို့ တွေနားမကြားဘူးဆိုတာ ယုံတောင်မယုံနိုင်ဘူး။
တော်တော်ကြိုးစားထားကြရမှာ။ အရမ်းလဲကြည့်လို့ ကောင်းတယ်။
အသုံးဝင်သော site များ
Forums
www.engineeringforum.org Engineering
http://forums.studentdoctor.net ဆေးပညာပိုင်း
www.flowerpod.com.sg အလှအပပိုင်း
နည်းပညာပိုင်း
www.myanmarfamily.org
www.myanmarinfotech.net
www.technical-seven.com
www.mmcyber.net
www.padonma.com
www.itpros.ning.com
www.problemclean.ning.com
www.myanmarchatonline.org
Social Network
www.hi5.com
www.orkut.com
www.friendster.com
www.myspace.com
www.multiply.com
www.flickr.com ဓာတ်ပုံဝါသနာရှင်များအတွက်
www.youtube.com video များအတွက်
Website Sharing
www.digg.com
www.stumbleupon.com
www.del.iciou.us
www.slashdot.org
Open Courseware
http://ocw.mit.edu
(Massachusetts institute of Technology OCW)
http://ocw.usu.edu
(Uhah State University OCW)
http://ocw.jhsph.edu
(Johns Hopkins School of Public Health OCW)
http://ocw.tufts.edu
(Tufts University OCW)
http://ocw.fhda.edu
(Foothill-De Anza Community Collage SOFIA)
http://ocw.cmu.edu/oli/
(Carnegie Mellon Open Learning Initiative)
Blog Search Engine
www.technorati.com
http://blogsearch.google.com
www.feedster.com
www.ljfind.com
Create New Blog
www.blogger.com
www.wordpress.com
www.livejournal.com
www.blog.co.uk
www.typepad.com
www.mmblogs.net
www.myanmarblogspot.com
အင်တာနက်မှ အလုပ်လျှောက်ထားခြင်း
www.myanmar-workers.com
www.asianjobbus.com
www.ngoinmyanmar.org
www.myanmarhotjobs.com
www.careerbulider.com
www.job-hunt.org
www.jobstreet.com
www.jobdb.com
www.bestjobs.com.sg
www.jobbankusa.com
www.unjobs.org
www.jobsearch.co.uk
Software Download
www.speedybit.com (Download accelerator plus)
www.internetdownloadmanager.com
ကမ္ဘာ့စွယ်စုံကျမ်း
www.wikipedia.org ( en.wikipedia.org )
http://wikimyanmar.org/
http://wikimyanmar.co.cc/
Virus Software
www.bitdefender.com (Bit Defender)
www.mcafee.com (McAfee)
www.symantec.com (Norton)
www.free.grisoft.com (AVG:free)
Spyware,Adware,Trojan EJ,Worms ကာကွယ်ရန်
www.pctools.com/spyware-doctor
www.webroot.com (Spy Sweeper)
http://free.grisoft.com/ (AVG Anti-Spyware)
www.lavasoftusa.com (AD-Aware SE)
Myanmar Novel,Journal,Magazine
www.people.com.mm
www.weeklyeleven.com
www.11mediagroup.com
www.mmtimes.com
www.planet.com.mm
www.phatpa.com
www.phoewa.com
www.elibrary.com.mm
www.ainmet.com
www.foreverspace.com.mm
www.click2myanmar.com
www.pansagar.com
http://video.phpmyanmar.com
Buddhism
ဒီBlogမှာ စုထားတာရှိတယ်။
Myanmar Songs
www.myanmarmp3.net
www.flashband.net
www.innwa.com
www.ayinepan.com
Others
www.myanmaryellowpages.biz
www.traveltomyanmar.com
www.burmalibrary.org
www.modins.net
Educatin Potral
www.studying-singapore.com
www.myanmartraining.com
Soccer Site
www.livescore.com
www.asianbookie.com
www.fifa.com
www.uefa.com
www.soccernet.com
Health Site
www.mentalhelp.net
www.healthy.net
www.tripprep.com
http://cancerweb.ncl.ac.uk
English Learning Center
www.voaspecialenglish.com
www.englishclub.com
www.webenglishteacher.com
www.learnenglish.org.uk
Sattelite Site
www.rdi-sat.com
www.lyngsat.com
Internet Library
www.loc.gov
www.ipl.org
Web Learning
www.w3schools.com
www.w3.org
www.webmonkey.com
Software Driver
www.windrivers.com
www.driverguide.com
www.helpdrivers.com
www.driversplanet.com
English Music
http://music.yahoo.com
www.mysongbook.com
www.song2play.com
SMS Service
www.starhub.com (sg)
www.singtel.com (sg)
www.gizmosms.com (wordwide)
www.beeonline.ru (russia)
www.megafonmoscow.ru (russia)
Download ebook
www.templateen.com
www.gutenberg.org
http://student-50webs.org
www.mmopenlibrary.net
www.shweone.wordpress.com
အခြားအသုံးဝင်သော site များ
www.globalhouseplans.com (House Design)
www.oryza.com (Rice Stock)
www.riceonline.com
www.opec.org (Oil Stock)
www.kitto.com
www.xe.com (Money Exchange)
www.modelsurf.com (Korea Model)
www.jkdramas.com (Korea & Japan Model)
www.worldtimeserver.com (Time Convert)
N@pster
တကူးတကရှာဖွေစုဆောင်းပြီး ဖြန့်ဝေပေးတဲ့ N@pster
ကိုအထူးကျေးဇူးတင်ပါတယ်........
.....
e-mail
Wednesday, September 23, 2009
Real Life Garbage Pail Kid @ Yahoo! Video
မျက်ခုံးလေးတောင် လှုပ်ပြလိုက်သေးတယ်... :D
Baby Loves Lemon @ Yahoo! Video
Saturday, September 19, 2009
French Bulldog Rolls Over @ Yahoo! Video
ဒီ puppy လေး အရင်ဘ၀က လိပ်များဖြစ်ခဲ့လားမသိဘူး။ လိပ်ကလေးကို ပက်လက်လှန်ထားသလိုပဲ။
ယက်ကန်ယက်ကန်နဲ့  မှောက်လို့ မရဖြစ်နေတယ်။ so cute.... :)
Buddha Shaped Pears
Photos taken from Yahoo! News.
တရုတ်ပြည် Weixian county, Hebei province မှာနေတဲ့ Hao Xianzhang ဆိုတဲ့ လယ်သမား တစ်ဦးရဲ့  လက်ရာပါ။ သစ်တော်သီးတွေကို ပုံစံခွက်လေးတွေထဲထည့်ပြီး ဒီလိုပုံလေးဖြစ်လာဖို့  ၆နှစ်လောက်ကြိုးစားစိုက်ထားရတာတဲ့။ တစ်လုံးကို ယွမ် ၅၀ (အမေရိကန်ဒေါ်လာ ၇.၃၂) တန်တယ်တဲ့။
ကိုယ်သာဆိုရင်တော့ မစားပဲ ပုံထဲကလိုဘူးလေးတွေထဲထည့်ပြီး ဘုရားစင်ပေါ်တင်ထားဖြစ်မယ်ထင်တယ်။
တကယ်အချိန်ကုန်ခံ ပုံသွင်းပြီး ရအောင်လုပ်ထားတာ။ ဒီအောက်က Nareepol Tree ပုံတွေလို internet hoax တွေတော့မဟုတ်ဘူး။
ခိခိ
Friday, September 18, 2009
Books to read
အပျင်းပြေ စာဖတ်ချင်ရင် ဒီ "Books Hive" မှာ မြန်မာစာအုပ်တွေရော အင်္ဂလိပ်စာအုပ်တွေရော download ပြီးဖတ်လို့ ရတယ်။ Sign up လုပ်ပြီးရင် Login လိုက်။  ကြိုက်တဲ့စာအုပ်ကိုရှာ။ Security Code ကိုရိုက်ထည့်လိုက်။ ပြီးရင် Dowload ကိုနှိပ်။ ဒါပဲ။ ဖတ်ချင်တဲ့စာအုပ်တွေများလွန်းလို့ ရွေးရခက်နေတယ်။ :)
Monday, September 14, 2009
ပုညခင်--ယောင်္ကျားတစ်ယောက်ရဲ့ ဖြစ်တည်မှု
 ဒီဝထ္ထုလေးကို အရမ်းကြိုက်လို့ share လိုက်တာပါ။ စာလုံးတွေသေးနေရင် "+" sign လေးကိုနှိပ်လိုက်ပါ။ စာသားတွေကိုရှင်းရှင်းကြီးကြီး ဖတ်လို့ ရပါတယ်။ ညာဘက်အပေါ်ထောင့်က "Toggle Full Screen" ကိုနှိပ်လိုက်ရင် ဖတ်ရတာပိုအဆင်ပြေမယ်ထင်တယ်။ ကိုယ့်စက်ထဲမှာ ခဏသိမ်းထားပြီး နောက်မှဖတ်မယ်ဆိုရင်တော့ "More" button လေးကိုနှိပ်၊ drop down list ထဲက Save document ကိုနှိပ်လိုက်ရင် pdf file အနေနဲ့ သိမ်းလို့ ရပါပြီ။
Pone Nya Khin -- Yoke Kyar 1 Yoke Yat Phit Ti Mhu
စာအုပ်များ
Original Website:   http://wntbookshelf.com/
ဝိညာဉ်သစ် စာအုပ်စင်မှ မိတ်ဆွေတို့ ဖတ်ရှူနိုင်တဲ့ စာအုပ်စာရင်းပေါင်းချုပ်ပါ။
ကျွန်တော်နိုင်ငံခြားကို စစရောက်ခါစက မြန်မာစာအုပ်တွေ မဖတ်ရတဲ့ဒုက္ခကို
တော်တော်လေးခံစားလိုက်ပါတယ်။ အဲဒီတုန်းက ebook ရှယ်တဲ့ဆိုဒ်တွေက
အခုလိုမျိုးအများကြီးမရှိသေးပါ
ဘူး။ မှတ်မှတ်ရရ ချယ်ရီသစ္စာ
တစ်ခုလောက်ပဲကောင်းကောင်းဖတ်လို့ရပါတယ်။ (ကျွန်တော်အဲဒီဆိုဒ်တစ်ခုပဲသိတာပါ
တခြားဆိုဒ်တွေလည်းရှိမှာပါ။) အဲဒါနဲ့ကျွန်တော် စာအုပ်လေးတွေကို free
ဖတ်လို့ရတဲ့ နေရာလေးတစ်ခုလုပ်မယ်ဆိုပြီး ၀ိညာဉ်သစ်လို့ဖြစ်လာတာပါ။
ကျွန်တော်စာအုပ်စင်လေးက အွန်လိုင်းစာကြည့်တိုက်သဘောမျိုးဖော်ပြထားတာဖြစ်ပါတယ်။
ဒီထဲမှာရှိတဲ့ စာအုပ်တွေကလည်း ဖိုရမ်တွေ web တွေ ဘလောဂ့်တွေမှာရှိတဲ့
စာအုပ်တွေကို ပြန်လည်စုစည်းပေးထားပါ။ ပြီးတော့ အသစ်ထွက်တဲ့စာအုပ်တွေကိုတော့
ကျွန်တော်တင်ပေးသွားမှာမဟုတ်ပါဘူး။.. စာအုပ်အဟောင်းများကိုသာ တင်ပေးသွားမှာပါ။
မူရင်းစာရေးဆရာများအနေနဲ့ နားလည်ခွင့်လွတ်ပေးမယ်လို့ ယူဆပါတယ်။
ထိုစာအုပ်များကိုမည်သူကိုမဆို ရှယ်နိုင်ပါတယ်။ ဒါပေမယ့် အခကြေးငွေယူပြီး
ပြန်ရောင်းစားတာကိုတော့ ခွင့်ပြုမှာမဟုတ်ပါဘူး။
e-mail
အင်တာနက်ပေါ်က ပညာဒါန
Posted by Kyaw Min Min Tun on July 19, 2009 at 7:11pm
(သူငယ်ချင်းတစ်ယောက် မေးလ်နဲ့  ပို့ ပေးလာတာပါ။ အားလုံးအတွက်
အကျိုးရှိမယ် ထင်ပါတယ်။ မြန်မာလူငယ်လေးတွေ Chatting တွေနဲ့ သာ Internet
ကို တစ်လွဲအသုံးချရင်း တန်ဖိုးရှိတဲ့ အချိန်တွေကို ဖြုံးတီးပစ်မယ့်အစား
ကိုယ့်အတွက်ရော ကိုယ့်နိုင်ငံအတွက်ပါ အကျိုးရှိမယ့် ဒီလို ဖေါ်ပြပါ
Website တွေမှာ ပညာရပ်တစ်ခုခုကို လေ့လာသင်ကြား သင့်လှပါတယ်။ MID)
အင်တာနက်ပေါ်က ပညာဒါန
Open Course Ware ဆိုတာဘာလဲ။
‘အိုးပင်းကို့စ်ဝဲ’ ဆိုသည်မှာ ကမ္ဘာအရပ်ရပ်ရှိ တက္ကသိုလ်များတွင်
သင်ကြားလျက်ရှိသော သင်တန်းများကို အင်တာနက်မှတဆင့် အခမဲ့
ဖြန့်ဖြူးပေးသောနေရာ ဖြစ်သည်။ ဤဆောင်းပါးကို ရေးသားချိန်တွင်
နိုင်ငံပေါင်း ၃၀ မှ တက္ကသိုလ် နှင့် အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်တို့က
ကမ္ဘာအရပ်ရပ်ရှိ ပြည်သူတို့အား အဆင့်မြင့် ပညာရပ်များ ဝေမျှပေးနိုင်ရန်
ရည်ရွယ်ပြီး ပညာဒါနပြုလျက်ရှိသည်။
ဘယ်တက္ကသိုလ်တွေပါလဲ။
ပညာဒါနပြုရာတွင် ပါဝင်သော စာရှုသူတို့နှင့် ရင်းနှီးပြီးဖြစ်မည့် တက္ကသိုလ်
အချို့မှာ -
မက်ဆာချူးဆက်စက်မှုတက္ကသိုလ် (အမ်အိုင်တီ)
http://en.wikipedia.org/wiki/MIT_OpenCourseWare
ယေးလ်တက္ကသိုလ် http://oyc.yale.edu/
ကာလီဖိုးနီးယားတက္ကသိုလ် (ဘာကလေ) http://webcast.berkeley.edu/
ဂျွန်စ်ဟော့ပ်ကင်းစ် ပြည်သူ့ကျန်းမာရေးကျောင်း http://ocw.jhsph.edu/
တပ်ဖ်တက္ကသိုလ် http://ocw.tufts.edu/
အောက်စ်ဖို့တက္ကသိုလ် သင်္ချာအင်စတီကျု http://www.maths.ox.ac.uk/opencourseware/
နော်တင်ဂမ်တက္ကသိုလ် http://unow.nottingham.ac.uk/ နှင့်
တိုကျိုတက္ကသိုလ် http://ocw.u-tokyo.ac.jp/english/ တို့ဖြစ်ကြသည်။
ဘယ်လိုသင်ကြားပေးတာလဲ။
ပညာဒါနပြုရာတွင် ပါဝင်သော တက္ကသိုလ်များက ၄င်းတို့၏ တက္ကသိုလ်များ၌
အခကြေးငွေယူကာ သင်ကြားနေသော ဘာသာရပ်များထဲမှ အနည်းဆုံး ၁၀ ခုကို
ရွေးချယ်ပြီး အင်တာနက်ပေါ်တွင် တင်ပေးထားရသည်။ ထိုသို့တင်ရာတွင်
သင်ရိုးညွှန်းတမ်း၊ မှတ်စု၊ ရည်ညွှန်းစာအုပ် နှင့် စာတမ်းများ စာရင်း၊
ပါဝါပွိုင့်ဆလိုဒ်များ၊ ဆရာများ၏ တိုက်ရိုက်ပို့ချချက် အသံ နှင့်
ဗီဒီယိုဖိုင်များ စသည်တို့ ပါဝင်သည်။ မည်သူမဆို ထို သင်-ထောက်-ကူ
ဖိုင်များကို အခမဲ့ ရယူသုံးစွဲ၍ မိမိဖာသာ လေ့လာရမည်ဖြစ်သည်။
မှတ်ပုံတင် စာရင်းသွင်းရန် လိုအပ်ပါသလား။
လုံးဝမလိုအပ်ပါ။ မည်သူမဆို အသုံးပြုနိုင်ပါသည်။
ဘယ်လိုဘာသာရပ်များ ပါဝင်ပါသလဲ။
စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ ပညာရေး၊ လူမှုရေး၊ စက်မှု၊ ကွန်ပြူတာ၊
ကျန်းမာရေး စသဖြင့် အမျိုးအစား စုံလင်စွာပါရှိသည်။ တက္ကသိုလ်များက
မိမိတို့ ကျွမ်းကျင်ရာ ဘာသာရပ်များကို တင်ထားပေးတတ်သည်။ စာကိုး စာရင်းပါ
ဝက်ဆိုဒ် လင့်များမှတဆင့် သွားရောက် လေ့လာ ရှာဖွေနိုင်သည်။
အင်တာနက် လိုအပ်ပါသလား
လိုအပ်ပါသည်။ အသံ နှင့် ဗီဒီယို ဖိုင်များကို တိုက်ရိုက် ဖွင့်ရန်အတွက်မူ
အင်တာနက် မြန်နှုန်းမြင့်ရန် လိုအပ်သည်။ သို့ရာတွင် မှတ်စုများ၊
ပါဝါပွိုင့် ဆလိုဒ်များ၊ အသံ နှင့် ဗီဒီယို ဖိုင်များကို ဒေါင်းလုပ်
လုပ်ထားပါက အင်တာနက် မရှိသော်လည်း ကွန်ပြူတာတွင် ဖွင့်ပြီး
လေ့လာနိုင်သည်။
ဘာကြောင့် အလကားပေးတာလဲ။
မက်ဆာချူးဆက် စက်မှုတက္ကသိုလ်က စတင်ကာ ‘မည်သူမဆို အဆင့်မြင့်ပညာ
သင်ကြားနိုင်ခွင့် ရရှိရေး’ ဆိုတဲ့ ရည်ရွယ်ချက်ကောင်းနဲ့
ဆောင်ရွက်တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ တခြား တက္ကသိုလ်တွေလည်း ပါဝင်လာပြီး
ဒီစီမံချက်ကို ငွေကြေးထောက်ပံ့တဲ့ အဖွဲ့အစည်းတွေပါ ပေါ်လာပါတယ်။ ဒါကြောင့်
ဆက်လက်ပြီး ပညာဒါန ပေးနေနိုင်တာပါ။ သင်လည်း အလှူငွေ ထည့်ဝင်ချင်ရင်
ထည့်ဝင်လို့ ရပါတယ်။
အလကားပေးတာဆိုတော့ အရည်အသွေး ကောင်းပါ့မလား။
စာရေးသူ၏ ကိုယ်တွေ့အရ ဆိုလျှင် အခကြေးငွေယူ သင်ပေးသော သင်တန်းများတွင်
အသုံးပြုသည့် သင်ရိုးညွှန်းတမ်း၊ ဆလိုဒ်၊ မှတ်စုများ အတိုင်း
‘အိုးပင်းကို့စ်ဝဲ’ တွင် တင်ပေးထားကြောင်း တွေ့ရသည်။ အချို့တက္ကသိုလ်များ
(ဥပမာ - ကာလီဖိုးနီးယား တက္ကသိုလ် - ဘာကလေ) တွင် အခကြေးငွေယူ သင်ပေးသော
သင်တန်း လက်ချာများကို ဗီဒီယို ရိုက်ကာ တင်ပေးထားသဖြင့် အတန်းထဲတွင်
သွားကာ တက်နေရသကဲ့သို့ပင် ရှိသည်။
ဒါဆို ဘာလို့ ကျောင်းလခပေး တက်နေတော့မလဲ။
အင်မတန် မေးသင့်တဲ့ မေးခွန်းပါ။ ကျောင်းလခပေး တက်တာနဲ့
ကွာခြားတာလေးတွေတော့ ရှိပါတယ်။ ကျောင်းလခပေး တက်ရင် မရှင်းလင်းသည်များ
ရှိပါက ဆရာ၊ ဆရာမတွေကို တိုက်ရိုက် မေးမြန်းနိုင်ပါတယ်။
‘အိုပင်းကို့စ်ဝဲ’ မှာတော့ ဘယ်သူကမှ လာပြီး ရှင်းပြနေမှာ မဟုတ်ပါ။
မိမိဖာသာ နားလည်အောင် ဖတ်ရှုလေ့လာရပါမယ်။ ကိုယ်ထူကိုယ်ထ ဆိုပါတော့။
နောက်တစ်ချက် ကွာခြားတာက ‘အိုပင်းကို့စ်ဝဲ’ မှာ လေ့လာပြီးသွားလို့
ဆိုပြီး အဆိုပါ တက္ကသိုလ်ကို ဘွဲ့၊ အောင်လက်မှတ်ပေးဖို့ သွားတောင်းလို့
မရပါ။ ဥပမာ - မိမိက အမ်အိုင်တီက ဘာသာရပ်တစ်ခုကို ‘အိုပင်းကို့စ်ဝဲ’
မှာလေ့လာပြီးသွားတာနဲ့ မိမိကို အမ်အိုင်တီက အသိအမှတ်ပြုလိုက်ပြီ လို့
သွားပြောလို့ မရပါ။
အသိအမှတ်ပြုလည်း မခံရ၊ ဘွဲ့လည်း မရ၊ အောင်လက်မှတ်လည်း မရဆိုတော့ ဘာလို့ လေ့လာနေမလဲ။
ဒါလည်း ဖြစ်တာပါပဲ။ ဘာမှ မလေ့လာပဲ အေးအေးဆေးဆေး နှပ်နေလည်း ဘယ်သူက
ဘာပြောမှာလိုက်လို့။ သို့သော် ... အသိအမှတ်ပြု မခံရပေမယ့် ပညာရပ် ဆိုင်ရာ
ဗဟုသုတ တိုးတက်ပါတယ်။ မိမိရဲ့ ပညာဗဟုသုတ တိုးတက်ရေးအတွက်
ကြိုးစားလိုစိတ်ရှိသူတွေ၊ နိုင်ငံခြားထွက် ပညာသင်ဖို့ရာ အခက်အခဲ
ရှိနေသူတွေ အတွက် အဆင့်မြင့် ပညာရေး အလှမ်းမဝေးကြောင်း
လက်တို့လိုက်ရခြင်းသာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ရှိသူတွေ အနေနဲ့ ‘အိုပင်းကို့စ်ဝဲ’ ကတဆင့် လေ့လာရာမှာ
ဘာအခက်အခဲတွေ ရှိနိုင်သလဲ။
အင်္ဂလိပ်စာ၊ ကွန်ပြူတာ၊ အင်တာနက် အသုံးပြုတတ်ဖို့ နဲ့
အင်တာနက်မြန်နှုန်းမြင့်ဖို့ လိုပါတယ်။ အဲဒါတွေထက် အရေးကြီးတာက အချိန်မှန်
လေ့လာသွားဖို့ပါ။ ကိုယ့်ကို ဘယ်သူကမှ ကြီးကြပ်နေတာ မဟုတ်လို့
ပေါ့ပေါ့လျှော့လျှော့နဲ့ လေ့လာချင်တဲ့ အချိန် လေ့လာ၊ ပစ်ထားချင်တဲ့
အချိန် ပစ်ထားလိုက်ဆိုရင်တော့ သိပ်မထူးပါ။ နောက်ထပ် ရှိနိုင်တဲ့ အခက်အခဲ
တစ်ခုက ရည်ညွှန်းစာအုပ်၊ စာတမ်းများ ရရှိနိုင်ရေးပါ။ ဒါကတော့
ဘာသာရပ်ပေါ်မူတည်ပြီး မြန်မာပြည်က စာကြည့်တိုက်တွေမှာ ဖြစ်ဖြစ်
အင်တာနက်မှာ ဖြစ်ဖြစ် ရှာဖွေ ရနိုင်ပါတယ်။ နိုင်ငံခြား တက္ကသိုလ်တွေမှာ
တက်ရောက်နေတဲ့ အသိမိတ်ဆွေတွေရှိရင် သူတို့ကတဆင့်လည်း ရှာဖွေနိုင်ပါတယ်။
မူပိုင်ခွင့်ကို ဘယ်လို သတ်မှတ်ထားပါသလဲ။
အင်တာနက်ပေါ် တင်ပေးထားသော ‘အိုးပင်းကို့စ်ဝဲ’ ဆိုင်ရာ ဖိုင်များနှင့်
ပတ်သက်သည့် မူပိုင်ခွင့်ကို တက္ကသိုလ် တစ်ခုချင်းစီက ရှင်းလင်းစွာ
ဖော်ပြထားသည်။ အနိမ့်ဆုံး အောက်ထစ်အားဖြင့် ထိုဖိုင်များကို အခမဲ့
ပြန်လည် ဖြန့်ဖြူးခွင့်ရှိသည်။ ထိုသို့ ဖြန့်ဖြူးရာတွင် မူရင်းဖိုင်ကို
မည်သည့်နေရာမှ ရရှိသည်ဟု အတိအကျ ဖော်ပြရန်လိုအပ်သည်။ နဂို
မူလဖိုင်များကို ပြင်ဆင်ခွင့်မရှိ။ အချို့ တက္ကသိုလ်များကမူ ပြင်ဆင်ခွင့်
ပေးသည်။ သို့သော် မိမိ ပြင်ဆင်ပြီးသော ဖိုင်များကို ဆက်လက်၍ အခမဲ့
ဖြန့်ဖြူးပေးရမည် ဖြစ်သည်။
e-mail
Thursday, September 10, 2009
Rat annoys cats @ Yahoo! Video and My thoughts
လောကကြီး.... ဘာတွေဖြစ်ကုန်ပြီလဲ???
ဒီ video လေးကြည့်ပြီး အတွေးလေးတစ်ခုပေါ်လာတယ်။ လူတွေအနေနဲ့  ကြောင်တွေဟာ ကြွက်ကိုခုတ်ရမယ်လို့  သိထားတာပါ။ ခုတော့ ကြောင်ကကြွက်ကိုတောင် နည်းနည်းကြောက်နေသလို တွေ့  ရတော့ တစ်ခုခုမှားနေသလိုလို ခံစားရတယ်။
ဒီကြောင်အနေနဲ့ ကြွက်ဆိုတာ ခုတ်(သတ်) ကောင်းတဲ့အရာလို့  ခံယူမထားလို့  ကြွက်ကိုဘာမှမလုပ်တာ။ အဲဒီကြောင်ကသာ ကြွက်မြင်ရင် ခုတ်ရမယ်လို့ ခံယူထားရင် အဲဒီကြွက် ခုလောက်ဆို အသက်ရှိမှာ မဟုတ်တော့ဘူး။ ကြောင်တွေကို ကြွက်ခုတ်တတ်အောင် လူတွေကပဲ သင်ပေးလိုက်တာဖြစ်နိုင်သလို ပတ်ဝန်းကျင်မှာ ကြွက်ကိုခုတ်တဲ့ကြောင်တွေ မရှိရင် ကြောင်တွေဟာ ကြွက်ကိုခုတ်ရမယ်လို့  မယူဆထားဘူး ဆိုတာမြင်သာပါတယ်။
လူတွေမှာလဲ ခုလိုမျိုး ကိုယ့်ခံယူချက်အတိုင်း လုပ်နေကြတဲ့ ကိစ္စတွေအများကြီးပါ။ လူလူအချင်းချင်း ခံယူချက်တွေကလဲ ကူးစက်တတ်ပါတယ်။ ကိုယ်နဲ့ ခံယူချက်မတူတဲ့လူနဲ့ တွေ့ ရင်အဲဒီလူကပဲ တစ်ခုခုမှားနေသလိုလို ပြောကြ၊ ယူဆတတ်ကြပါတယ်။ တကယ်တမ်းတော့ သူလုပ်နေတဲ့ လုပ်ရပ်က ဘယ်သူ့ ကိုမှလဲဒုက္ခမပေး၊ အနှောင့်အယှက်မပေးဘူး ဆိုရင် ခံယူချက်မတူရင်တောင် သူ့ ကိုမကဲ့ရဲ့ သင့်ပါဘူး။ ခံယူချက်ချင်းမတူတာဟာ မိတ်ဆွေအချင်းချင်းခင်မင်မှုကြားမှာ တံတိုင်းတစ်ခုမဖြစ်သင့်ဘူး။
ဥပမာ
ဘုန်းကြီးဝတ်ချင်တဲ့ သူငယ်ချင်းဟာ ၀ိပဿနာ ရှုထောင့်ကကြည့်ရင် အမှန်ကန်ဆုံးရွေးခြယ်မှုပါ။ သူယုံကြည်တဲ့အတိုင်း သူလုပ်ဆောင်သွားရင် အောင်မြင်မှာပါ။ သူဌေးဖြစ်ချင်တဲ့သူငယ်ချင်းက မလုပ်ချင်လုပ်ချင်၊ မယုံ့ တယုံ နဲ့  ဘုန်းကြီးသွားဝတ်ရင် တရားမရတဲ့ အပြင် အကုသိုလ်တောင်ဖြစ်နိုင် ပါတယ်။
အဲဒီသူဌေးဖြစ်ချင်တဲ့ သူငယ်ချင်းဘက်ကကြည့်ပြန်တော့ "အူမတောင့်မှ သီလစောင့်နိုင်မယ်" ဆိုတဲ့ စကားပုံကို လက်ကိုင်ထားပြီး တွေးမှာ၊ ရပ်တည်နေမှာပဲ။ သူ့ ယုံကြည်ချက်အတိုင်း စီးပွားရေးတွေကြိုးစားလုပ်ပြီး တစ်နေ့ မှာ အောင်မြင်တဲ့ သူဌေးကြီးတစ်ယောက်ဖြစ်လာမှာပါ။ လောဘနည်းတဲ့ဘုန်းကြီး သူငယ်ချင်းကို သူ့ လိုစီးပွားရေးလုပ်ခိုင်းရင် သူ့ လောက်မအောင်မြင်နိုင်ဘူး။
သူဌေးဖြစ်ချင်တဲ့သူငယ်ချင်းက တစ်ချိန်ကျတော့ ချမ်းသာကြွယ်ဝမှုဟာ မမြဲဘူးလို့ သိလာရင် သူ့   အလိုလိုခံယူချက်ပြောင်းပြီး တရားဘောင်ကို ဘယ်သူမှမခေါ်လဲ ရောက်လာမှာပါပဲ။
ဘုန်းကြီးဝတ်မယ့်သူငယ်ချင်းလဲ "သြော်... မိသားစုအတွက်တော့ ရှာဖွေပေးခဲ့ ဦးမှဖြစ်မှာပါပဲ၊ ပြီးမှ တရားဘောင်ထဲဝင်မယ်" ဆိုပြီး ခံယူချက်ပြောင်းသွားရင် ဘယ်သူမှ မတိုက်တွန်းပေမယ့် သူ့ ဟာသူ ၀မ်းစာရှာလာမှာပါပဲ။
ဒီဥပမာတွေကတော့ နည်းနည်းအစွန်းရောက်အောင်ပြောထားတာပါ။ လက်တွေ့ မှာ ဒီလောက်အစွန်းမရောက်ပေမယ့် မသိမသာ မတူညီချက်လေးတွေ မိတ်ဆွေတွေကြားမှာ ရှိနေမှာ အမှန်ပါ။
တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုး
နောက်တစ်ခုသတိထားရမှာက "တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုး" ဆိုသလိုပဲ ကိုယ်နဲ့ နီးတဲ့ လူရဲ့ ခံယူချက်ဟာ ကြာလာရင် မသိမသာနဲ့  ကိုယ့်ခံယူချက်ဖြစ်လာတတ်တယ်။ ကူးစက်လာတာပေါ့။ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ လူက ကောင်းတာတွေး၊ ကောင်းတာကျင့်တဲ့လူဆိုရင် ကူးစက်လာတာအကောင်းဆုံးပေါ့။ မကောင်းတဲ့အတွေး မကောင်းတဲ့ အကျင့်ရှိရင်တော့ မကူးစက်စေနဲ့ ။
သူများတွေကိုယ့်ခံယူချက်နဲ့ မတူရင် ဥပက္ခာပြုထားပါ။ ကိုယ့် ခံယူချက်တွေကိုလည်း သူများကို အရောင်သွားမဆိုးမိပါနဲ့ ။ ကိုယ်ကကောင်းတာဆိုးမိရင်အရေးမကြီးပါဘူး။ မကောင်းတာများသွားဆိုးမိရင် သံသရာတစ်လျှောက် အကြွေးပါသွားမယ်။ ကိုယ့်မှာ သားသမီးရှိရင် ဒီအရောင်ဆိုးတဲ့ကိစ္စက ပိုအရေးပါသွားပြီ။ သူတို့ အနာဂတ်အတွက် ကောင်းတဲ့အရောင်တွေဆိုးမိ ဖို့ လိုတယ်။
ဥပက္ခာ
ဥပက္ခာပြုတယ်ဆိုတာ တရားသဘောအရပြောတာပါ။ လူပြိန်းတွေ နားလည်ထားသလို လျစ်လျူရှုလိုက်တာမျိုး၊ ဂရုမစိုက်ဘူးကွာ ဆိုတာမျိုးမဟုတ်ပါဘူး။ မြစ်ရေစီးတာကို ထိုင်ကြည့်နေရင် ကိုယ့်စိတ်ထဲမှာ လိုချင်လှချည့်ဆိုတဲ့လောဘတွေမရှိသလို၊ ဒေါသတွေလဲဖြစ်မနေပါဘူး။ အဲဒီလို စိတ်မျိုးကို ဥပက္ခာဆိုပြီး လွယ်လွယ်နားလည်ထားလိုက်တယ်။
ဒီလိုစိတ်ထားနိုင်ရင် မိသားစုပြဿနာတွေ၊ အိမ်ထောင်ရေးကွာရှင်းတဲ့ ပြဿနာတွေအင်မတန် နည်းသွားမှာပါ။ ကမ္ဘာကြီးလည်း ပိုပြီးငြိမ်းချမ်းလာမယ်။ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုလည်း အကောင်းမြင်လာတဲ့အတွက် ကိုယ်တိုင်လည်း စိတ်ချမ်းသာလာမှာပါ။
ဥပက္ခာလေးလက်ကိုင်ထား၊ အမှားမရှိပါ။
သင်ရောဘယ်လိုတွေးလဲ? ဘယ်သူ့ တွေကို အရောင်တွေဆိုးပြီးပြီလဲ?
ခိခိ
Obama Parrot @ Yahoo! Video
Gorilla Farts @ Yahoo! Video
ဟိုဘက်ကမ်းကကောင်က ထပြီးတော့ပြောသွားတယ်....  "ရော့.....ဒါပဲ"  တဲ့.....
Funny Cat @ Yahoo! Video
အဲဒီ ကြောင်ကြီး.... ဘယ်လိုချစ်ဖို့ ကောင်းမှန်းမသိဘူး.... တစ်တုံးတစ်ခဲကြီး.....
နာမည်ကလဲ...  "မာရူး" တဲ့...
Wednesday, September 9, 2009
Twin Baby Boys, laughing at each other
သူတို့ ကိုကြည့်ကြည့်ပြီး အရမ်းပျော်တာပဲ..... အရမ်းချစ်ဖို့ ကောင်းတယ်။
စိတ်ရှုပ်စရာတွေ ရှိနေရင် ဒါလေးကြည့်လိုက်နော်။
သူငယ်ချင်းတွေလဲ ပျော်ရွှင်ရယ်မောနိုင်ပါစေ။
Warning for Myanmar Social Networks!
ပုံမှန်ဆိုရင်တော့သူများ အကြောင်းမပြောတတ်သလို စိတ်လဲမ၀င်စားတတ်ပါဘူး။ ဒါပေမယ့် ခုတလောစိတ်ဝင်စားစရာတစ်ခုဖြစ်လာလို့ ။ လောလောဆယ်တော့ Ning Social Networks တွေမှာဖြစ်နေတယ်။
"I just made $934 this week working from home for google. I cant believe how easy this is. Im recommending this to everyone, check out this guys google blog makemoneywith-google.com" ဆိုပြီးရေးထားတယ်။
သူပြောတဲ့ website ကိုသွားကြည့်လိုက်ရင် ပိုက်ဆံရှာရတာသိပ်လွယ်သလို ပဲ။
အဲဒါကို google search မှာ google home business kit ဆိုပြီး scam or reviews တွေထဲမှာရှာကြည့်လိုက်ပါ။
အဲဒီမှာလူတော်တော်များများရဲ့ အမြင်က လူတွေကိုညာတဲ့ website ဆိုပြီးရေးထားကြတယ်။ အညာခံရတဲ့ လူတွေလဲ တော်တော်များနေပြီ။ နောက်ပြီး သူက ပို့ ခ $1.95 ပဲတောင်းသလို လို နဲ့  နောက်တော့ ကိုယ့် credit card ထဲကနေ လစဉ်ပိုက်ဆံတွေနုတ်နုတ်သွားတယ်။ အဲဒီလို website တွေက အများကြီးပဲ။ ဒါလဲ အဲဒီထဲကတစ်ခုဖြစ်ဖို့ များတယ်။
အဲဒီ account လုပ်တဲ့ လူကဘယ်သူမှန်းတော့မသိဘူး။  Profile မှာတော့ New York, United States ကလို့  ရေးထားတယ်။ ကြည့်ရတာ မြန်မာစကားတတ်ပုံ မရဘူး။ မြန်မာလူမျိုးအချင်းချင်းတော့ အဲဒီလို မလိမ်လောက်ဘူးထင်တာပဲ။ US မှာလိမ်လို့ မရတော့လို့ အာရှဘက်ကို ခြေဦးလှည့်လာတယ်ထင်တယ်။  အဖွဲ့  ၀င်တိုင်းလိုလိုရဲ့  comment wall မှာလိုက်ရေးထားတာတွေ့ ရလို့  သံသယဖြစ်သွားတာ။ သူ့ ရဲ့  marketing ပေါ့။ သူပြောတဲ့အတိုင်း မှန်ရင်တော့ကိစ္စမရှိပါဘူး။ လိမ်နေတာဆိုရင်တော့မလွယ်ဘူး။ မြန်မာပြည်မှာပဲနေတဲ့သူတွေက credit card မသုံးကြလို့   အရေးမကြီးဘူးလေ။ ဒါပေမယ့် မြန်မာပြည်မှာမနေတဲ့ မြန်မာတွေလဲ members တွေထဲမှာရှိမှာပဲ။ ဒီစာကို mhahiphop.ning.com ရဲ့ ပိုင်ရှင်ဆီရေးလိုက်တော့ အဲဒီ အဖွဲ့ ဝင်ကိုထုတ်လိုက်တယ်ထင်တယ်။ သူ့  account ရယ် comment wall တွေက comments တွေရယ် မရှိတော့ဘူး။
စမ်းကြည့်ချင်ရင်လဲစမ်းကြည့်ကြပေါ့။ US $1,000 ပတ်ဝန်းကျင်ဆိုတာက မက်လောက်တယ်လေ။ ဟုတ်နေခဲ့ ရင်ရောဆိုပြီး စိတ်ထဲမှာဖြစ်ကြမှာပဲ။ ခိခိကတော့ သေချာသတိပေးပြီးပြီ။ ဒါကြီးဟာ လိမ်ညာနေတာပါ။ အတုကြီးပါလို့ ။ It's just another internet scam!  နောက်မှ credit card ထဲကပိုက်ဆံတွေ ပါပါသွားရင်တော့ မတတ်နိုင်ဘူး။
ဒီကိစ္စကို ခိခိ သုံးသပ်ထားတာမှန်မမှန် နည်းနည်းလောက်တော့ပြောခဲ့ကြဦးနော်။ နောက်ပြီး ကိုယ်တွေ့  လေးများရှိခဲ့ရင်လဲ ဘယ်လို အလိမ်ခံလိုက်ရတယ်ဆိုတာမျှဝေပေးခဲ့ ပါ။ ဒါမှ ကျန်တဲ့သူတွေ ကိုကောင်းကောင်းကြီး သတိပေးလို့ ရမှာ။
ဒီစာလေးနဲ့ တစ်စုံတစ်ယောက် အလိမ်ခံရကိန်းမှ လွတ်မြောက်သွားတယ်ဆိုရင်ပဲဝမ်းသာပါပြီ။
ခိခိ
My motto: မှန်တယ်ထင်ရင် တစ်ယောက်ထဲလည်း နေရဲတယ်။ မှားနေရင်တော့ ပြင်မှာပေါ့။
Friday, September 4, 2009
Inspiring Dance!
This story is so touching and I actually cried when I watched the video. The story, combined with the dance and the music, is really heart-breaking as well as inspiring.
Hope you enjoy!
Kiki
READ THE STORY BEFORE YOU WATCH THE VIDEO.
Here's their story ...
In a Chinese modern dance competition on TV, one very unique couple won one of the top prizes.
The lady, in her 30's, was a dancer who had trained since she was a little girl.
Later in life, she lost her entire left arm in an accident and fell into a state of depression for a few years.
Someone then asked her to coach a Children's dancing group.
From that point on, she realized that she could not forget dancing.
She still loved to dance and wanted to dance again.
So, she started to do some of her old routines, but having lost her arm, she had also lost her
balance.
It took a while before she could even make simple turns and spins without falling.
Then she heard of a man in his 20s who had lost a leg in an accident.
He had also fallen into the usual denial, depression, and anger type of emotional roller
coaster.
But she determined to find him and persuade him to dance with her.
He had never danced, and to "dance with one leg .... are you joking with me? No way!"
But, she didn't give up, and he reluctantly agreed thinking, "I have nothing else to
do anyway."
She started to teach him dancing 101. The two broke up a few times because he had no concept of using muscle, how to control his body, and knew none of the basic things about dancing. When she became frustrated and lost patience with him, he would walk out. Eventually, they came back together and started training seriously.
They hired a choreographer to design routines for them. She would fly high (held by him) with both arms (a sleeve for an arm) flying in the air.
He could bend horizontally supported by one leg with her leaning on him, etc.
In the competition, as you will see, they dance beautifully and they legitimately won the competition."
Don't let the system get u down!
Kaplan Test Prep and Admissions (Kaptest.com) Kaplan Test Prep and Admissions (Kaptest.com)
USMLE Books