Jokes ဟာသတွေဖတ်ချင်ရင် ဒီမှာ...
Tuesday, September 29, 2009
About Our Bio Teacher U Win Aung's Illness
ချစ်သူငယ်ချင်းအပေါင်း ရောင်းရင်းတို့ရေ.......
ဒီသီတင်းကျွတ်မှာ ထူးခြားတဲ့ကုသိုလ်လေးတခု လုပ်ကြရအောင်ကွာ၊
မှတ်မိတယ်မဟုတ်လား၊
Bio ကျုရှင်ပြခဲ့တဲ့ တို့ဆရာ ဦးဝင်းအောင် လေ၊ ဆရာကြီး ကျန်းမာရေး ကမကောင်းဘူးကွာ ဆီးချိုရောဂါ၊
သွေးတိုးရောဂါတွေနဲ့ အသည်းပါပျက်စီးပြီး ညာဘက်ခြေထောက်
ဒူးအောက်ကနေပြီးဖြတ်ထားရတယ်၊ဒါအပြင် မနှစ်ကဒီဇင်ဘာမှာ လေဖြတ်သွားလိုက်တာ ညာဘက်လက်ကလည်းခုထက်ထိ ကောင်း ကောင်း မလှုပ် နိုင်သေးဘူး၊ အခုလောလောဆယ်တော့၊ ဆရာက YGH Cardiac Surgical Unit အခန်းနံပါတ်(ဃ/၃) မှာ တက်နေရတုံးပဲ။
ဟိုတုံးက စာသင်ရင် ဟာသလေးတွေနှောပြီး ပြောတတ်တဲ့ ဆရာ၊ တသောသောနဲ့ ငါတို့တတွေ တဝေါဝေါရယ်ခဲ့ရတာ မင်းတို့မှတ်မိသေးတယ်မဟုတ်လား။ ၃၅ နှစ်လုံးလုံး ပညာအမွေတွေပေးလို့တပည့် ကောင်းတွေမွေးခဲ့တဲ့ ဆရာကြီးလေ၊ နှစ်စဉ်ဒီဇင်ဘာလ ရောက်တိုင်း ခရီးစရိတ်အိတ်စိုက်၊ တပည့်တွေတသိုက် နဲ့ ဘုရားတွေစုံအောင်ဖူး၊ ကြည်နူးအောင် လုပ်ခဲ့တဲ့ဆရာလေ။ အဲဒီလို ပျော်တတ်တဲ့ဆရာ၊ချစ်စရာ ကောင်းတဲ့ ဆရာ၊စေတနာဝကယ်တဲ့ဆရာကြီးဟာ မျက်နှာတွေညိုးနွမ်းပြီး အားငယ်ဝမ်းနည်းတဲ့ ဟန်ပန်နဲ့ တစုံတခု ကို မျှော်လင့်နေပုံရတယ်၊ဖြစ်နိုင်တာကတော့ ကူညီမဲ့သူတွေ အားပေးမဲ့သူတွေ၊ စောင့်ရှောက်မဲ့သူတွေ ဆရာကျေးဇူး ကို မမေ့ပါဘူးဆိုတဲ့ တပည့်ဟောင်းတွေကို ငံ့လင့်စောင့်မျှော်နေပုံဘဲ၊ မင်းတို့သိတဲ့ အတိုင်းဘဲ ဒီခေတ်မှာ ကျန်းမာရေးမကောင်းရင် ဆေးဖိုးရော ၀ါးခပါ မသက်သာလှဘူးလေ၊ ငါသိသလောက်ကတော့ ဆရာရဲ့ဆေး ဘိုးတွေက Albumin နဲ့ Antibiotic ကတင် တနေ့ကို ရှစ်သောင်းကျော်လောက် ကျတယ်၊ ဂျာမနီလုပ်ခြေတုကို တတ်မယ်ဆိုရင် သိန်းလေးဆယ်ကျော်လောက် ကျအုံးမယ်၊ဒါတွေကိုလဲ ဆရာနဲ့သူ့မိသားစုကရေရှည်မှာ တတ်နိုင်မယ့်ပုံ မပေါ်ဘူး၊ဆရာ့ပါးစပ်ကတော့ပြောထွက်မှာ မဟုတ်ပါဘူး၊ တို့တတွေ အလိုက်တသိနဲ့ ပေါင်း စုပြီး ဒီသီတင်းကျွတ်မှာ တို့တတ်နိုင်သမျှ ဒါနလေးပြုကြရအောင်ကွာ။ ဟိုကောင် ထင်ကျော်လေ ခုလော လောဆယ် အလှူငွေ ငါးသိန်း မတည်ပြီ သူလှူမယ်လို့ စပွန်ဆာပေးထားတယ်။ မင်းတို့လဲ ကိုယ်နိုင်သ လောက် လှူနိုင်မယ့်ငွေ၊ ဒါမှမဟုတ်ရင် ပစ္စည်းနဲ့ဆေးဝါးတွေကို ထင်ကျော်ဆီမှာ စပွန်ဆာပေး စုစုဝေးဝေး နဲ့အဆင်ပြေတဲ့ တရက်ရက် ဆရာဆီ ဆက်ဆက်သွား။အားပေးစကားတွေပြော၊ ရယ်ရယ် မောမောနဲ့ ဆရာ အနားမှာ အားရှိအောင် စွမ်းဆောင်ကြမယ်လေ။
ဆက်သွယ်ရန်-----၁။ ထင်ကျော် - 09-5112659
၂။ ထွန်းကျော်ဦး - 09-9970320
၃။ ချမ်းမြေ့မြင့်ဦး - 01-377330
၎။ ရဲသွင် - 095174639
ပျော်ရွှင်ချမ်းမြေ့ပါ--စေသူငယ်ချင်းတို့
yeyetwin@gmail.com

Nobody by Wonder Girls (Korean)
I just love his expression when asking for someone. :D
ဒါကတော့ ဘာရယ်မဟုတ်ဘူး... original လေးလဲယှဉ်ကြည့်ရအောင်တင်လိုက်တာ...
Wash Your Hands Too (H1N1 Prevention)
This is educational fun!
တတ်လဲတတ်နိုင်တယ်... စာသားတွေကရယ်လဲရယ်ရ ပညာလဲရ... :D
Monday, September 28, 2009
ထိပ်ဆုံးသို့ 
တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံ့ ရံ
တစ်တောင်ဆုံး ပြန်တော့
တစ်လုံးကျန် ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်။
ခါတလေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်မလား။
စခဲ့မိဟာပေါ့
တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်း အသာဖြေဦး။
မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့
မူတသွင် အားအင်သစ်လိုက်ပါ့
ချစ်ဖွယ့်လူသား။
ငွေတာရီ
သူငယ်တန်းကနေ (၁၀)တန်းထိ ကျက်ခဲ့ရသမျှစာတွေထဲမှာ ဒါကိုအကြိုက်ဆုံးပဲ။ အရမ်းကောင်းတယ်။

Don't Quit!
When things go wrong, as they sometimes will,
When the road you're trudging seems all uphill,
When the funds are low and the debts are high,
And you want to smile, but you have to sigh,
When care is pressing you down a bit,
Rest, if you must, but don't you quit.
Life is queer with its twists and turns,
As every one of us sometimes learns,
And many a failure turns about,
When he might have won had he stuck it out;
Don't give up though the pace seems slow--
You may succeed with another blow.
Often the goal is nearer than,
It seems to a faint and faltering man,
Often the struggler has given up,
When he might have captured the victor's cup,
And he learned too late when the night slipped down,
How close he was to the golden crown.
Success is failure turned inside out--
The silver tint of the clouds of doubt,
And you never can tell how close you are,
It may be near when it seems so far,
So stick to the fight when you're hardest hit--
It's when things seem worst that you must not quit.

This poem gives me the strength to climb up again whenever I hit the bottom.
ဒီကဗျာလေးကို (၁၀)တန်းတုန်းက ဆရာမ(guide)တစ်ယောက်က ပေးထားတာ။ အရမ်းကြိုက်တယ်။ အားငယ်နေတဲ့အချိန်တိုင်းမှာ ဒါလေးကိုဖတ်ပြီး အားတွေပြန်မွေးခဲ့ရတယ်။ နောက်ဆုံးစာကြောင်းလေးကို အကြိုက်ဆုံးပဲ။
ဒီကဗျာလေးလိုပဲ အလားတူအားတွေမွေးပေးတဲ့ အရမ်းကြိုက်တဲ့ ကဗျာတစ်ပုဒ်ထပ်ရှိသေးတယ်။
Nominated by UN as the best Poem of 2006, written by an African Kid
"မွေးလာတော့ လူမည်း
ကြီးတော့လည်း မည်း
နေရောင်အောက်သွားလည်း ကျုပ်ကလူမည်း
ကြောက်တဲ့အခါလည်း မည်း
နေမကောင်းဖြစ်လည်း မည်းမည်း
သေသွားရင်တောင် ကျုပ်ကလူမည်းပဲ
ခင်ဗျားတို့ ငဖြူတွေ -
မွေးတုန်းတော့ ပန်းရောင်ပေါ့
ကြီးလာပြီမူ ဖြူတူတူ
နေရောင်ထဲရောက် အနီရောင်လည်းပေါက်
အေးသွားတဲ့အခါ ပြာတာတာ
ကြောက်တဲ့အချိန် ၀ါထိန်ထိန်
နေမကောင်းချိန်များ စိမ်းစိမ်းကား
သေသွားတဲ့အခါ မီးခိုးပါ
ဒါနဲ့ များ ကျုပ်ကို အရောင်နဲ့ ကောင်လို့ ခေါ်နေတယ်???"
မူရင်းကဗျာကို ဒီ blog မှာ တင်ထားတယ်။ ရေးတဲ့ ကလေးလေးက အာဖရိကန်ကလေးလေး။
UN က ၂၀၀၆ခုနှစ်အတွက် အကောင်းဆုံးလို့ စံကာတင်ရွေးချယ်ခံထားရတဲ့ ကဗျာလေးပါ။
ဒီကဗျာလေးကို ဖတ်ရတာ ကလေးလေးရင်ထဲက အနှိမ်ခံထားရတာကို မကျေနပ်တဲ့ ခံစားမှုကိုမြင်နေရတယ်။ အာဖရိကန်လူမျိုးအားလုံးရဲ့  ရင်ထဲကခံစားချက်ကို ဖော်ပြနေသလိုပါပဲ။
မြန်မာစကားနဲ့  အလိုက်ဖက်ဆုံးကာရန်ရအောင် ဘာသာပြန်ထားတာ မူရင်းလောက်တော့ ဖတ်လို့  ကောင်းချင်မှကောင်းမယ်။ (ကဗျာလဲမစပ်တတ်ဘူးလေ။) သည်းခံဖတ်ကြပါရန်။ ပိုကောင်းမယ်ထင်တဲ့ ကာရန်ရှိရင် comment မှာရေးသွားပေးပါနော်။ post ထဲမှာ နာမည်နဲ့ တကွ ပြန်ထည့်ရေးလိုက်မယ်။
ခိခိ

Subscribe to:
Posts (Atom)