လောကကြီး.... ဘာတွေဖြစ်ကုန်ပြီလဲ???
ဒီ video လေးကြည့်ပြီး အတွေးလေးတစ်ခုပေါ်လာတယ်။ လူတွေအနေနဲ့  ကြောင်တွေဟာ ကြွက်ကိုခုတ်ရမယ်လို့  သိထားတာပါ။ ခုတော့ ကြောင်ကကြွက်ကိုတောင် နည်းနည်းကြောက်နေသလို တွေ့  ရတော့ တစ်ခုခုမှားနေသလိုလို ခံစားရတယ်။
ဒီကြောင်အနေနဲ့ ကြွက်ဆိုတာ ခုတ်(သတ်) ကောင်းတဲ့အရာလို့  ခံယူမထားလို့  ကြွက်ကိုဘာမှမလုပ်တာ။ အဲဒီကြောင်ကသာ ကြွက်မြင်ရင် ခုတ်ရမယ်လို့ ခံယူထားရင် အဲဒီကြွက် ခုလောက်ဆို အသက်ရှိမှာ မဟုတ်တော့ဘူး။ ကြောင်တွေကို ကြွက်ခုတ်တတ်အောင် လူတွေကပဲ သင်ပေးလိုက်တာဖြစ်နိုင်သလို ပတ်ဝန်းကျင်မှာ ကြွက်ကိုခုတ်တဲ့ကြောင်တွေ မရှိရင် ကြောင်တွေဟာ ကြွက်ကိုခုတ်ရမယ်လို့  မယူဆထားဘူး ဆိုတာမြင်သာပါတယ်။
လူတွေမှာလဲ ခုလိုမျိုး ကိုယ့်ခံယူချက်အတိုင်း လုပ်နေကြတဲ့ ကိစ္စတွေအများကြီးပါ။ လူလူအချင်းချင်း ခံယူချက်တွေကလဲ ကူးစက်တတ်ပါတယ်။ ကိုယ်နဲ့ ခံယူချက်မတူတဲ့လူနဲ့ တွေ့ ရင်အဲဒီလူကပဲ တစ်ခုခုမှားနေသလိုလို ပြောကြ၊ ယူဆတတ်ကြပါတယ်။ တကယ်တမ်းတော့ သူလုပ်နေတဲ့ လုပ်ရပ်က ဘယ်သူ့ ကိုမှလဲဒုက္ခမပေး၊ အနှောင့်အယှက်မပေးဘူး ဆိုရင် ခံယူချက်မတူရင်တောင် သူ့ ကိုမကဲ့ရဲ့  သင့်ပါဘူး။ ခံယူချက်ချင်းမတူတာဟာ မိတ်ဆွေအချင်းချင်းခင်မင်မှုကြားမှာ တံတိုင်းတစ်ခုမဖြစ်သင့်ဘူး။
ဥပမာ
သူငယ်ချင်းတစ်ယောက်က သူဌေးကြီးဖြစ်ချင်တယ်၊ လောဘတွေရှိတယ်ဆိုပါတော့။ (လောဘနောက်က ဒေါသတွေ မောဟတွေလိုက်လာမှာပါ။) နောက်သူငယ်ချင်းတစ်ယောက်ကတော့ ဘုန်းကြီးဝတ်ပြီး လောဘ၊ ဒေါသ၊ မောဟ တွေငြိမ်းချင်တယ်။ သူတို့ နှစ်ဦးရဲ့ ခံယူချက်က လုံးဝကိုမတူညီကြတဲ့အပြင် ဆန့် ကျင်လို့ တောင်နေသေးတယ်။ သူတို့ က ကိုယ့်ခံယူချက်ကသာမှန်တယ်လို့  ယူဆထားကြရင် ကိုယ်နဲ့ မတူတဲ့ သူငယ်ချင်းကိုကိုယ့်လိုတွေးအောင်၊ ကိုယ့်လို ဖြစ်အောင် တိုက်တွန်းမှာပဲ။ တစ်ဖက်က ကိုယ့်လိုလိုက် မလုပ်ရင် ဘယ်ကျေနပ်ပါ့မလဲ။ ဒီလိုနဲ့ ပဲ ဒီသူငယ်ချင်းနှစ်ယောက်ဟာ သူငယ်ချင်းဘ၀ကနေ ရန်သူဘ၀ကိုရောက်သွားနိုင်ပါတယ်။
ဘုန်းကြီးဝတ်ချင်တဲ့ သူငယ်ချင်းဟာ ၀ိပဿနာ ရှုထောင့်ကကြည့်ရင် အမှန်ကန်ဆုံးရွေးခြယ်မှုပါ။ သူယုံကြည်တဲ့အတိုင်း သူလုပ်ဆောင်သွားရင် အောင်မြင်မှာပါ။ သူဌေးဖြစ်ချင်တဲ့သူငယ်ချင်းက မလုပ်ချင်လုပ်ချင်၊ မယုံ့ တယုံ နဲ့  ဘုန်းကြီးသွားဝတ်ရင် တရားမရတဲ့ အပြင် အကုသိုလ်တောင်ဖြစ်နိုင် ပါတယ်။
အဲဒီသူဌေးဖြစ်ချင်တဲ့ သူငယ်ချင်းဘက်ကကြည့်ပြန်တော့ "အူမတောင့်မှ သီလစောင့်နိုင်မယ်" ဆိုတဲ့ စကားပုံကို လက်ကိုင်ထားပြီး တွေးမှာ၊ ရပ်တည်နေမှာပဲ။ သူ့ ယုံကြည်ချက်အတိုင်း စီးပွားရေးတွေကြိုးစားလုပ်ပြီး တစ်နေ့ မှာ အောင်မြင်တဲ့ သူဌေးကြီးတစ်ယောက်ဖြစ်လာမှာပါ။ လောဘနည်းတဲ့ဘုန်းကြီး သူငယ်ချင်းကို သူ့ လိုစီးပွားရေးလုပ်ခိုင်းရင် သူ့ လောက်မအောင်မြင်နိုင်ဘူး။
သူဌေးဖြစ်ချင်တဲ့သူငယ်ချင်းက တစ်ချိန်ကျတော့ ချမ်းသာကြွယ်ဝမှုဟာ မမြဲဘူးလို့ သိလာရင် သူ့  အလိုလိုခံယူချက်ပြောင်းပြီး တရားဘောင်ကို ဘယ်သူမှမခေါ်လဲ ရောက်လာမှာပါပဲ။
ဘုန်းကြီးဝတ်မယ့်သူငယ်ချင်းလဲ "သြော်... မိသားစုအတွက်တော့ ရှာဖွေပေးခဲ့ ဦးမှဖြစ်မှာပါပဲ၊ ပြီးမှ တရားဘောင်ထဲဝင်မယ်" ဆိုပြီး ခံယူချက်ပြောင်းသွားရင် ဘယ်သူမှ မတိုက်တွန်းပေမယ့် သူ့ ဟာသူ ၀မ်းစာရှာလာမှာပါပဲ။
ဒီဥပမာတွေကတော့ နည်းနည်းအစွန်းရောက်အောင်ပြောထားတာပါ။ လက်တွေ့ မှာ ဒီလောက်အစွန်းမရောက်ပေမယ့် မသိမသာ မတူညီချက်လေးတွေ မိတ်ဆွေတွေကြားမှာ ရှိနေမှာ အမှန်ပါ။
တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုး
နောက်တစ်ခုသတိထားရမှာက "တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုး" ဆိုသလိုပဲ ကိုယ်နဲ့ နီးတဲ့ လူရဲ့  ခံယူချက်ဟာ ကြာလာရင် မသိမသာနဲ့  ကိုယ့်ခံယူချက်ဖြစ်လာတတ်တယ်။ ကူးစက်လာတာပေါ့။ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ လူက ကောင်းတာတွေး၊ ကောင်းတာကျင့်တဲ့လူဆိုရင် ကူးစက်လာတာအကောင်းဆုံးပေါ့။ မကောင်းတဲ့အတွေး မကောင်းတဲ့ အကျင့်ရှိရင်တော့ မကူးစက်စေနဲ့ ။
သူများတွေကိုယ့်ခံယူချက်နဲ့ မတူရင် ဥပက္ခာပြုထားပါ။ ကိုယ့် ခံယူချက်တွေကိုလည်း သူများကို အရောင်သွားမဆိုးမိပါနဲ့ ။ ကိုယ်ကကောင်းတာဆိုးမိရင်အရေးမကြီးပါဘူး။ မကောင်းတာများသွားဆိုးမိရင် သံသရာတစ်လျှောက် အကြွေးပါသွားမယ်။ ကိုယ့်မှာ သားသမီးရှိရင် ဒီအရောင်ဆိုးတဲ့ကိစ္စက ပိုအရေးပါသွားပြီ။ သူတို့ အနာဂတ်အတွက် ကောင်းတဲ့အရောင်တွေဆိုးမိ ဖို့ လိုတယ်။
ကိုယ်ကတရားအလုပ်လုပ်တာကောင်းတယ်။ သူများကိုလဲ ကောင်းတာလိုက်လုပ်စေချင်တယ်။ လိုက်လုပ်ရင် ပျော်တယ်။ လိုက်မလုပ်ရင်တော့ ဥပက္ခာပြုမှဖြစ်မယ်။ ဒီလိုမဟုတ်ပဲ ဒေါသတွေထွက်နေရင် ကိုယ်တရားလုပ်နေတယ်ဆိုတာရော ဟုတ်ရဲ့ လားလို့  သတိထားပါ။
ဥပက္ခာ
ဥပက္ခာပြုတယ်ဆိုတာ တရားသဘောအရပြောတာပါ။ လူပြိန်းတွေ နားလည်ထားသလို လျစ်လျူရှုလိုက်တာမျိုး၊ ဂရုမစိုက်ဘူးကွာ ဆိုတာမျိုးမဟုတ်ပါဘူး။ မြစ်ရေစီးတာကို ထိုင်ကြည့်နေရင် ကိုယ့်စိတ်ထဲမှာ လိုချင်လှချည့်ဆိုတဲ့လောဘတွေမရှိသလို၊ ဒေါသတွေလဲဖြစ်မနေပါဘူး။ အဲဒီလို စိတ်မျိုးကို ဥပက္ခာဆိုပြီး လွယ်လွယ်နားလည်ထားလိုက်တယ်။
ဒီလိုစိတ်ထားနိုင်ရင် မိသားစုပြဿနာတွေ၊ အိမ်ထောင်ရေးကွာရှင်းတဲ့ ပြဿနာတွေအင်မတန် နည်းသွားမှာပါ။ ကမ္ဘာကြီးလည်း ပိုပြီးငြိမ်းချမ်းလာမယ်။ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုလည်း အကောင်းမြင်လာတဲ့အတွက် ကိုယ်တိုင်လည်း စိတ်ချမ်းသာလာမှာပါ။
ဥပက္ခာလေးလက်ကိုင်ထား၊ အမှားမရှိပါ။
သင်ရောဘယ်လိုတွေးလဲ? ဘယ်သူ့ တွေကို အရောင်တွေဆိုးပြီးပြီလဲ?
ခိခိ
မှတ်ချက်။ ။ ဒါကခိခိရဲ့ အတွေးတွေပါ။ အမြဲတမ်းလိုလိုတော့ ဒီလိုတွေးတွေးနေတတ်တယ်။ ဒါပေမယ့် ချရေးလေ့မရှိဘူး။ ဒီတစ်ခါအစမ်းရေးကြည့်လိုက်တာ။ တော်တော်တောင်ရှည်သွားတယ်။ ကိုယ်တွေးတာဟာသူများနဲ့  မတူနိုင်ဘူး။ ကိုယ်ဟာလဲအမြဲ မမှန်နိုင်ပါဘူး။ ဒါပေမယ့်လဲ အတွေးဆိုတာအတွေးပေါ့လေ။ ပေါ်ပြီးတော့ပျောက်သွားမှာပါပဲ။ ချရေးထားတော့ နည်းနည်းကြာကြာပေါ်တာပေါ့။
Jokes ဟာသတွေဖတ်ချင်ရင် ဒီမှာ...
Thursday, September 10, 2009
Funny Cat @ Yahoo! Video
အဲဒီ ကြောင်ကြီး.... ဘယ်လိုချစ်ဖို့ ကောင်းမှန်းမသိဘူး.... တစ်တုံးတစ်ခဲကြီး.....
နာမည်ကလဲ... "မာရူး" တဲ့...
နာမည်ကလဲ... "မာရူး" တဲ့...
Wednesday, September 9, 2009
Twin Baby Boys, laughing at each other
ညာဘက်က အမြွှာလေး ကြို့ ထိုး နေတာကို နှစ်ယောက်လုံးသဘောကျပြီးရယ်နေကြတာထင်တယ်။
သူတို့ ကိုကြည့်ကြည့်ပြီး အရမ်းပျော်တာပဲ..... အရမ်းချစ်ဖို့ ကောင်းတယ်။
စိတ်ရှုပ်စရာတွေ ရှိနေရင် ဒါလေးကြည့်လိုက်နော်။
သူငယ်ချင်းတွေလဲ ပျော်ရွှင်ရယ်မောနိုင်ပါစေ။
Warning for Myanmar Social Networks!
ပုံမှန်ဆိုရင်တော့သူများ အကြောင်းမပြောတတ်သလို စိတ်လဲမ၀င်စားတတ်ပါဘူး။ ဒါပေမယ့် ခုတလောစိတ်ဝင်စားစရာတစ်ခုဖြစ်လာလို့ ။ လောလောဆယ်တော့ Ning Social Networks တွေမှာဖြစ်နေတယ်။
ဖြစ်ပုံကဒီလို......သူငယ်ချင်းတစ်ယောက်ကဖိတ်လို့  mhahiphop.ning.com ကို ၀င်လိုက်တယ်။ အဲဒီမှာ www.makemoneywith-google.com ဆိုတဲ့ အဖွဲ့ ဝင်တစ်ယောက်က ခိခိ ရဲ့ comment wall မှာ
"I just made $934 this week working from home for google. I cant believe how easy this is. Im recommending this to everyone, check out this guys google blog makemoneywith-google.com" ဆိုပြီးရေးထားတယ်။
သူပြောတဲ့ website ကိုသွားကြည့်လိုက်ရင် ပိုက်ဆံရှာရတာသိပ်လွယ်သလို ပဲ။
အဲဒါကို google search မှာ google home business kit ဆိုပြီး scam or reviews တွေထဲမှာရှာကြည့်လိုက်ပါ။
အဲဒီမှာလူတော်တော်များများရဲ့ အမြင်က လူတွေကိုညာတဲ့ website ဆိုပြီးရေးထားကြတယ်။ အညာခံရတဲ့ လူတွေလဲ တော်တော်များနေပြီ။ နောက်ပြီး သူက ပို့ ခ $1.95 ပဲတောင်းသလို လို နဲ့  နောက်တော့ ကိုယ့် credit card ထဲကနေ လစဉ်ပိုက်ဆံတွေနုတ်နုတ်သွားတယ်။ အဲဒီလို website တွေက အများကြီးပဲ။ ဒါလဲ အဲဒီထဲကတစ်ခုဖြစ်ဖို့ များတယ်။
အဲဒီ account လုပ်တဲ့ လူကဘယ်သူမှန်းတော့မသိဘူး။ Profile မှာတော့ New York, United States ကလို့  ရေးထားတယ်။ ကြည့်ရတာ မြန်မာစကားတတ်ပုံ မရဘူး။ မြန်မာလူမျိုးအချင်းချင်းတော့ အဲဒီလို မလိမ်လောက်ဘူးထင်တာပဲ။ US မှာလိမ်လို့ မရတော့လို့ အာရှဘက်ကို ခြေဦးလှည့်လာတယ်ထင်တယ်။ အဖွဲ့  ၀င်တိုင်းလိုလိုရဲ့  comment wall မှာလိုက်ရေးထားတာတွေ့ ရလို့  သံသယဖြစ်သွားတာ။ သူ့ ရဲ့  marketing ပေါ့။ သူပြောတဲ့အတိုင်း မှန်ရင်တော့ကိစ္စမရှိပါဘူး။ လိမ်နေတာဆိုရင်တော့မလွယ်ဘူး။ မြန်မာပြည်မှာပဲနေတဲ့သူတွေက credit card မသုံးကြလို့  အရေးမကြီးဘူးလေ။ ဒါပေမယ့် မြန်မာပြည်မှာမနေတဲ့ မြန်မာတွေလဲ members တွေထဲမှာရှိမှာပဲ။ ဒီစာကို mhahiphop.ning.com ရဲ့  ပိုင်ရှင်ဆီရေးလိုက်တော့ အဲဒီ အဖွဲ့ ဝင်ကိုထုတ်လိုက်တယ်ထင်တယ်။ သူ့  account ရယ် comment wall တွေက comments တွေရယ် မရှိတော့ဘူး။
ဒါဆိုလဲပြီးရောပေါ့။ ခုဘာလို့ အကျယ်ချဲ့ ပြီးရေးနေသေးလဲလို့  မေးချင်မှာပဲ။ ကိုယ်ဝင်ထားတဲ့ network မှာ အန္တရာယ် မရှိတော့ပေမယ့် ဒီနေ့ ပဲ သူငယ်ချင်းက blog post တစ်ခုပေးတာ သဘောကျလို့ တခြားဘာ blogs တွေရှိဦးမလဲဆိုပြီးစပ်စပ်စုစု သွားကြည့်မိတယ်။ အဲဒီ နေရာကတော့ forverfriends.ning.com ။ မထင်မှတ်ပဲ ဟို ကျေးဇူးရှင်က အဲဒီ network မှာလဲ comments တွေရေးထားပြန်တယ်။ ခုတော့ သက်သေမရှိပေမယ့် ဒါဟာသတိထားစရာဆိုတာတော့ ပိုပြီးသေချာသွားတယ်။ သူ့ အတွက်တော့ မြန်မာလူထုက ဈေးကွက်အသစ်ပေါ့။ ခုလို ပြောပြနေတာသူ့ ဈေးကွက်တော့ထိခိုက်သွားမှာပဲ။ ဒါပေမယ့် လူတွေကိုလိမ်ညာနေတဲ့ ဈေးကွက်ဆိုတော့ လွှတ်ထားရင် ရိုးသားတဲ့လူတွေ ဒုက္ခရောက်မှာစိုးလို့  လူမိုက်ပဲလုပ်လိုက်တော့တယ်။
စမ်းကြည့်ချင်ရင်လဲစမ်းကြည့်ကြပေါ့။ US $1,000 ပတ်ဝန်းကျင်ဆိုတာက မက်လောက်တယ်လေ။ ဟုတ်နေခဲ့ ရင်ရောဆိုပြီး စိတ်ထဲမှာဖြစ်ကြမှာပဲ။ ခိခိကတော့ သေချာသတိပေးပြီးပြီ။ ဒါကြီးဟာ လိမ်ညာနေတာပါ။ အတုကြီးပါလို့ ။ It's just another internet scam! နောက်မှ credit card ထဲကပိုက်ဆံတွေ ပါပါသွားရင်တော့ မတတ်နိုင်ဘူး။
ဒီကိစ္စကို ခိခိ သုံးသပ်ထားတာမှန်မမှန် နည်းနည်းလောက်တော့ပြောခဲ့ကြဦးနော်။ နောက်ပြီး ကိုယ်တွေ့  လေးများရှိခဲ့ရင်လဲ ဘယ်လို အလိမ်ခံလိုက်ရတယ်ဆိုတာမျှဝေပေးခဲ့ ပါ။ ဒါမှ ကျန်တဲ့သူတွေ ကိုကောင်းကောင်းကြီး သတိပေးလို့ ရမှာ။
ဒီစာလေးနဲ့ တစ်စုံတစ်ယောက် အလိမ်ခံရကိန်းမှ လွတ်မြောက်သွားတယ်ဆိုရင်ပဲဝမ်းသာပါပြီ။
မှတ်ချက်။ ။ ခိခိ follow နေတဲ့ bloggers တွေရဲ့ cbox တွေမှာဒီ post ကိုဖတ်ဖို့ ရေးထားတယ်။ အနှောင့်အယှက်ဖြစ်ကုန်ရင်ခွင့်လွှတ်ပါ။
ခိခိ
My motto: မှန်တယ်ထင်ရင် တစ်ယောက်ထဲလည်း နေရဲတယ်။ မှားနေရင်တော့ ပြင်မှာပေါ့။

Labels:
make money with google,
myanmar,
scam,
social networks,
warning
Friday, September 4, 2009
Inspiring Dance!
This story is so touching and I actually cried when I watched the video. The story, combined with the dance and the music, is really heart-breaking as well as inspiring.
Hope you enjoy!
Kiki
READ THE STORY BEFORE YOU WATCH THE VIDEO.
Here's their story ...
In a Chinese modern dance competition on TV, one very unique couple won one of the top prizes.
The lady, in her 30's, was a dancer who had trained since she was a little girl.
Later in life, she lost her entire left arm in an accident and fell into a state of depression for a few years.
Someone then asked her to coach a Children's dancing group.
From that point on, she realized that she could not forget dancing.
She still loved to dance and wanted to dance again.
So, she started to do some of her old routines, but having lost her arm, she had also lost her
balance.
It took a while before she could even make simple turns and spins without falling.
Then she heard of a man in his 20s who had lost a leg in an accident.
He had also fallen into the usual denial, depression, and anger type of emotional roller
coaster.
But she determined to find him and persuade him to dance with her.
He had never danced, and to "dance with one leg .... are you joking with me? No way!"
But, she didn't give up, and he reluctantly agreed thinking, "I have nothing else to
do anyway."
She started to teach him dancing 101. The two broke up a few times because he had no concept of using muscle, how to control his body, and knew none of the basic things about dancing. When she became frustrated and lost patience with him, he would walk out. Eventually, they came back together and started training seriously.
They hired a choreographer to design routines for them. She would fly high (held by him) with both arms (a sleeve for an arm) flying in the air.
He could bend horizontally supported by one leg with her leaning on him, etc.
In the competition, as you will see, they dance beautifully and they legitimately won the competition."
Don't let the system get u down!

chinese,
competition,
dance,
inspiration,
video
Subscribe to:
Posts (Atom)